/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 18, 2013

.

ငမိုးရိပ်ကြိုးတံတားပေါ်သို့ ယခုအခါဆိုက်ကားများ ဖြတ်သန်းခွင့်မပြု



မြောက်ဥက္ကလာပမြို့နယ် (၄)ရပ်ကွက်နှင့်ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်(၅၁)ရပ်ကွက်ကို ဆက်သွယ်ပေး ထားသော ငမိုးရိပ် လူကူးကြိုးတံတားမှာ ဟိုယခင်က ပင် ဆိုက်ကား၊စက်ဘီး၊ဆိုင်ကယ် များကိုတံတား ပေါ်သို့ တွန်း၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။

ယခုအခါမေ(၂၉)ရက်နောက်ပိုင်း မှ စ၍ဆိုက်ကားများကို ဖြတ် သန်းခွင့် မပြုဟုအနှေးယာဉ်လုပ် သားများ မှ တဆင့်သိရှိခဲ့ရသည်။ ထို့အပြင် အချို့ဈေးသည်များမှာ မြောက်ဥက္ကလာဘက်မှကုန်ပစ္စည်း များ သယ် ဆောင်လာသည့်အခါ အနှေးယာဉ်ဖြင့်တင်ရသော ကုန် ပစ္စည်းများကို ပင်ယခုအခါအ၀ိုင်း ကြီး တံတား ဘက် မှပတ်၍ကား ဖြင့်တင်ဆောင်နေရသောကြောင့် ပို၍ ကုန်ကျစရိတ်များသဖြင့် အခက်တွေ့နေကြ ရပါသည်ဟု ဈေးသည် အချို့ကပြောကြား သည်များကို သိရှိရပါသည်။ ထို့ ကြောင့် ငမိုးရိပ်ကြိုးတံတားကြီး ပေါ်သို့ အများပြည်သူသွားလာ နိုင်မှု အဆင်ပြေနိုင်စေရန် အတွက် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးပါရန် ခရီးသွား ပြည်သူများ အနှေးယာဉ်လုပ် သားများနှင့် ဈေးသူ၊ဈေးသားများ မှ သွားလာရေး အဆင်ပြေစေ ရေးအတွက် မျှော်လင့်လျက်ရှိပါ သည်။

Hot News Weekly

1 comment:

  1. ဒါလေးများ ပို၈်ပါတယ်။အဆောင့်ကို ပိုက်ဆံပေးလိုက်၇င်
    ကိုဘခက်တို့ကို ထမ်းတောင်ခေါ်အုံးမှာ။(မ ဆ လခေတ်
    ထဲက အထာတွေပါဗျာ။)

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။