/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 29, 2013

.

Facebook Page Unpublish ဖြစ်ရသည့် အကြောင်း



Facebook Page ဖန်တီး စီမံခန့်ခွဲ နေသူများ အတွက်ပါ။

အဓိကကတော့ Report အလုပ်ခံရတာပါ။ အထူး သဖြင့် ဓာတ်ပုံတွေပေါ့။ Page မှာ ပုံ Report အလုပ်ခံရပါများရင် ဘာဖြစ်မလဲ ဆိုတော့ -


ကျနော် အမြဲကြုံရပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတွေက ဘာဆိုဘာမှမဟုတ်ဘူး။ အဲဒါကို လက်က မျဉ်းတဲ့သူတွေက Report လုပ်တယ်။

အဲတော့ ထုံးစံအတိုင်း -

Hey . there was something wrong about this photo ဘာဘာညာညာနဲ့ ပုံဖြတ်ပေးပါ လားဆိုပြီး တော့ စာပို့လာတယ်လေ။ အားလုံး သိကြတယ်ဟုတ်။ အဲဒါက အမှန်တော့ ပို့တဲ့သူက ရေးတဲ့ဟာ မဟုတ်ပါဘူး။ သူ့ဘာသူ I don't like this photo ကိုကလစ်လုပ်လို့ Report လုပ်တာလေ။

အဲဒါကို သူငါ့ကို လာတိုင်ပတ်နေတယ် အထင်နဲ့ ပြန်စာတွေပို့ မနေနဲ့။ ပြီးတော့ ဒီတိုင်းလည်း မထားနဲ့။ အဲ့တိုင်းထားရင် ဆိုးကျိုးက အကောင့် Lock ကျမယ်။ Page unpublishes အလုပ်ခံ၇မယ်။ ခု Page တွေ Unpublishes အလုပ်ခံရတဲ့ အကြောင်းအရင်း အတော်များများက Page Admin တစ်ယောက်ယောက် ထဖောက်တယ်လို့ထင်နေကြတယ်။ အမှန်တော့ မဟုတ်ဘူး။

ဘယ်လို ဖြေရှင်းမလဲ

အဲ့လို ပုံကို Report လုပ်တဲ့စာတွေရောက်လာရင် spam ဖြစ်ကြောင်းသာ စာပြန်ပို့လိုက်။ ကလစ်နှိပ်ရုံပဲ။ that is spam လို့ပြန်စာပို့ရတာမျိုး မဟုတ်ဘူး။ Cross ပုံသဏ္ဍန် နေရာမှာ ကလစ်နှိပ်ပြီး spam ဆိုတာကို ရွေးလိုက်ရုံပါပဲ။ အားလုံး အဆင်ပြေကြပါစေ။

ရိုးရာလေး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။