/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 29, 2013

.

ပြည်ပကနေ တိုက်ရိုက် အထောက်အပံ့ မလုပ်သမျှ ဘိန်းဆက်စိုက်နေကြမည်ဟု ရှမ်းပြည် မန်ပန် ပြည်သူ့စစ် ခေါင်းဆောင် ဆို

ရှမ်းပြည်နယ် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နေမြေထဲက ပြည်သူတွေ ဘိန်းဆက်ပြီး စိုက်နေရတာဟာ စား ၀တ်နေရေး လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းမော်က မေလ ၂၇ ရက်နေ့ လားရှိုးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။


သူတို့ ပြည်သူ့စစ်အဖွဲ့ဟာ အစိုးရနဲ့ ပူးပေါင်းပြီး ၂၀၀၃ ခုနှစ်ကစ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တားဆီးတာတွေ လုပ် ခဲ့ပေမယ့် မအောင်မြင်ကြောင်း ဒါကြောင့် ဖြစ်နိုင်ရင် ဘိန်းစိုက်တောင်သူတွေကို ပြည်ပကနေ အေ ထာက် အပံ့ပေးတာမျိုးကို တိုက်ရိုက်ရလိုကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာကွန်ဖရင့် တစ်ခုမှာလည်း မြန်မာအစိုးရ ထိပ်တန်း တာ ၀န် ရှိသူတစ်ယောက်က လာမယ့် ၂၀၁၄ ခုနှစ်ကို မူးယစ်ဆေးဝါး ကင်းစင်တဲ့ နှစ်အဖြစ် ရည်ရွယ် အကောင် အထည်ေ ဖ်ာခဲ့ပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မအောင်မြင်ခဲ့ကြောင်း၊ ဒါကြောင့် မူး ယစ် ကင်းစင်နှစ်ကို လာမယ့် ၂၀၁၉ အထိ ပြောင်းလဲ သတ်မှတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

DVB

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။