/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 29, 2013

.

လေယာဉ်အဟောင်းများ တတ်နိုင်သမျှ အသစ်အစားထိုးရန် သမ္မတပြော

ရန်ကုန်- ပြည်တွင်းလေကြောင်းလိုင်း လေယာဉ်များဟောင်းလွန်းပါက တတ်နိုင်သမျှအသစ်အစား ထိုးပြေး ဆွဲရ န်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ပိုမိုအာရုံစိုက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကမှာကြားသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။


“သမ္မတကြီးက အဓိကနှစ်ချက်မှာတယ်။လေကြောင်းလိုင်းအားလုံးကို ပြန်ကြည့်ပြီး သိပ်ပြီးဟောင်းလွန်းနေ ရင်လည်း မပျံဖို့၊ လေယာဉ်အသစ် အစားထိုးဖို့၊ အသစ်ဝယ်လို့ရရင်လည်းဝယ်၊ မ၀ယ်ရရင်လည်း ငှားပြီး သုံးဖို့မှာတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က လေကြောင်း ဆိုင်ရာဘေးအန္တရာယ် ကင်း ရှင်းရေး ညှိနှိုင်းအစည်းအဝေး၌ ပြောသည်။


ပို့ဆောင်ရေးဝန်ကြီးရုံး၌ မေလ ၂၇ရက်တွင် အဆိုပါအစည်းအဝေးကိုကျင်းပခဲ့ပြီး လေကြောင်းလိုင်းရှစ် လိုင်း မှ တာဝန်ရှိသူများနှင့် လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေး ကြသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက “မိမိလေကြောင်းလိုင်းတွေရဲ့ Safetyနဲ့ ပတ်သက်ပြီး ပိုပြီး အာရုံစိုက်ပေးပါ။ ဒါကသမ္မတကြီးရဲ့ လိုလားချက်ပါ” ဟု လေကြောင်းလိုင်းများအားပြောသည်။

ယခုကဲ့သို့လေယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်နေပါက တိုင်းပြည်တွင်ကြီးမားသောအကျိုး သက်ရောက်မှုဖြစ်စေနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီးကသုံးသပ်ပြောဆိုသည်။

“လေကြောင်းလိုင်းတွေရဲ့ အသက်က ခရီးသည်တွေလို့ဆိုနိုင်ပါတယ်။ ခရီးသည်မရရင်စီးပွားဖြစ်ပြေးဆွဲနေ တဲ့လေကြောင်းလိုင်းတွေ အတွက် မဖြစ်ပါဘူး”ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန၏ ဒုညွှန်ကြားရေး မှူး ချုပ် ဦးဝင်းဆွေထွန်းကပြောသည်။ ပြည်တွင်းလေကြောင်းလိုင်းများအနေ ဖြင့် နိုင်ငံတကာမြို့ပြလကြောင်း အဖွဲ့ချုပ် (ICAO)၏ လမ်းညွှန်ချက်နှင့်အညီ လေကြောင်းဦးစီး၏ စိစစ်မှုဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ပြုလုပ်ဆောင်ရွက်နေသည်။

လေယာဉ်မတော်တဆမှုများ အလုံးစုံလျှော့ချနိုင်ရန် မဖြစ်သော်လည်း အတတ်နိုင်ဆုံးနည်းပါးအောင် လျှော့ ချရမည်ဟု ဦးဝင်းဆွေထွန်းက ပြောသည်။

လေယာဉ်များ၏သက်တမ်းနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်ဧပြီလ ၁ ရက်မှစကာ ပြည်တွင်း၌ အသုံးပြုဆဲ လေယာဉ် များကို ၂၅နှစ်အထိသာ အသုံးပြုစေပြီး ၂၀၁၂ခုနှစ်နောက် ပိုင်းအသစ်ဝယ်ယူမည်ဆိုပါက သက်တမ်းအနှစ် ၂၀ထိသာအသုံးပြုရန် သတ်မှတ်ထားကြောင်း လေကြောင်း ညွန်ကြားမှုဦးစီးဌာနညွှန် ကြားရေးမှူးချုပ်ကပြောသည်။

“ဒါက လေယာဉ်မတော်တဆဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့သဘောပါ” ဟု ဦးတင်နိုင်ထွန်းကပြော သည်။

လက်ရှိတွင် ပြည်တွင်း၌ လေကြောင်းလိုင်းခုနစ်လိုင်းမှ လေယာဉ် အစီးပေါင်း ၃၀ကျော်ပျံသန်းပြေးဆွဲ လျက်ရှိပြီး လေယာဉ်များမှာ တရုတ်၊ ဟော်လန်၊ ပြင်သစ်၊ ဘရာဇီးထုတ်လေယာဉ်များဖြစ်သည်။

7Day News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။