/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 19, 2013

.

တရားသူကြီးတစ်ဦး မတရားစွပ်စွဲမှုများဖြင့်ရာထူးမှခေတ္တရပ်ဆိုင်းခံရဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်း တရားသူကြီး၏ မတရား စွပ်စွဲမှု များ ခံရပြီး ရာထူးမှ ခေတ္တရပ်ဆိုင်းခံ ထားရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံရသော ဒုတရားသူကြီး ကိုသော် မင်းထွေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။


“အစ်ကိုက အရာတော်မှာ အမှုစစ်တဲ့အခါ မှန်ကန်တယ်။ လာဘ်မယူဘူး။ အဲ့ဒါကို တိုင်းတရားသူကြီးက ကြည့်မ ရတော့ အပြစ်ရှာတယ်။ နောက်တော့ကျွန်တော့ကို ပါတီနိုင်ငံရေး မကင်းဘူးဆိုပြီး ဘယ်ပါတီမှ မပါဘဲ နဲ့ အတိုင်ခံရတယ်။ သူ့မိန့်နဲ့ ခရိုင်က လာစစ်တယ်။ နေပြည်တော်က စာကျလာတော့ ခရိုင်ဒု ဦးစီးမှူးအဖြစ် ရာထူးအပြောင်းခံရတယ်။ ခုတော့ လာဘ်စားပါတယ်ဆိုပြီး တိုင်းတရားသူကြီးကပဲ တိုင်လို့ နေပြည်တော် က ခုံရုံးဖွဲ့ပြီး ၂၁ရက်နေ့မှာ အစစ်ခံရမယ် ”ဟု ပြောကြားသည်။

ထိုသို့ ဒုဦးစီးမှူး ရာထူးသို့ အပြောင်းအလဲခံရပြီး ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်မှ မေလ ၁၄ရက်နေ့ ရက်စွဲဖြင့် တိုက်ရိုက် အမိန့်ချကာ ဒုဦးစီးမှူး ဦးသော်မင်းထွေးအား ၂၀၁၃ခုနှစ် မေလ ၁၅ရက်နေ့ နံနက်ပိုင်းမှ စ၍တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်သည်။

ရပ်ဆိုင်းသည့် ကာလအတွင်း လစာတစ်ဝက်ဖြင့် ခွင့်ပြုလိုက်သည် ဟုမေလ ၁၄ရက်နေ့တွင် ဆက်လက် အကြောင်းကြားသည်ဟုလည်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ ကိုသော်မင်းထွေးက“စစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရပ် ဆိုင်းလိုက်တာ ထင်ပါတယ်။ ကျွန်တော် က တစ်ခါမှလည်း လာတ်မစားဘူးပါဘူး။ တိုင်းတရားကြီး ခေါ် မေးတဲ့ သူတွေကိုလည်း ဆက်မေးလို့ ရပါတယ်ဗျာ။ ပြီးတော့ တိုင်း၊ ဒေသ ကျော်ပြီး သွားပါ တယ်ဆိုပြီး တော့လည်း အတိုင်ခံထားရတယ်။ အဲ့ဒါကလည်း တိုင်းအဆင့်ကနေ ပြာတာအဆုံး လူတိုင်းသွား/ ပြန်နေကြတာ ပါပဲ။ ကျွန်တော် မန္တလေး သွားတာကလည်း ညတောင် မအိပ်ပါဘူး”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကိုသော်မင်းထွေး လာတ်စားသည် မစားသည်ကို တိုင်းတရားသူကြီးမှ ခေါ်မေး ခံရသော ကိုဆန်းမင်းအား ဆက် သွယ်မေးမြန်းရာ ၎င်းက “ကျုပ်ယောက်ဖ အမှုနဲ့ တရားသူကြီး ကိုသော် မင်းထွေး ကို လာဘ်ပေးရတာ ရှိလားဆိုပြီး မေးတာပါ။ ကျုပ်တို့လည်း မပေးရလို့ မပေးရဘူးလို့ဘဲ ဖြေလိုက် ပါတယ်ခင်ဗျာ။ တခြားသူတွေတော့ ဘာမေးလဲ မသိပါဘူး”ဟု ပြောကြားသည်။

တိုင်းတရားသူကြီးမှ ခေါ်သော်လည်း မသွားသော အရာတော်မြို့မှ ကိုခင်မောင်ဆွေက“ ကျွန်တော်တို့ သိတာကတော့ အမှုနိုင်တဲ့သူက ပိုက် ဆံသုံးသောင်း သွားကန်တော့တာတောင် လက်မခံဘူးလို့ပဲ ကြားပါ တယ်။ တစ်ခါမှ လာဘ်စားတယ်ဆိုတာမျိုး လုံးဝမကြားဘူးပါဘူး။

ခုလိုမျိုး တိုင်းတရားသူကြီးကိုယ်တိုင်က တိုင်တာဆိုတော့ ကြားရတာ စိတ်ထဲမကောင်းပါဘူး ”ဟု ပြောကြား သည်။

ထိုကဲ့သို့ ရာထူးမှ အပြောင်းခံရခြင်း၊ ယာယီရပ်ဆိုင်းခြင်းများ ခံရသော အရာတော် ဒုတရားသူကြီးသည် မေလ ၂၁ရက်နေ့တွင် စစ်ဆေးခံရ မည် ဖြစ်ပြီး မည်သို့ဖြစ်ပေါ်မည်မသိရသော်လည်း ၎င်းအနေဖြင့် လာတ် စားသူများကြားတွင် မတရား လုပ်ကြံစွပ်စွဲ ခံရခြင်းသာ ဖြစ်သည် ဟု ပြေကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ရန်ရှိသည်ဟု ဆက်လက်သိရသည်။

မြန်မာ့ခေတ် 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။