/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 19, 2013

.

ဆီးဂိမ်းပြိုင်ပွဲတွင် အသုံးပြုရန် ၄၅ ယောက်စီး ကားအစီးတစ်ရာ ကာကွယ်ရေးဝန်ကြီးဌာနမှ လှူဒါန်းမည်



ဒီဇင်ဘာ ၂၇ ရက်နေ့၌ မြန်မာ နိုင်ငံ၊ နေပြည် တော်တွင် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)တွင် အသုံးပြုရန် အတွက် ၄၅ ယောက်စီး City Bus အစီးတစ်ရာကို ကာကွယ်ရေးဝန်ကြီးဌာနမှ လှူဒါန်း သွားမည်ဖြစ် ကြောင်း (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဘဏ္ဍာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အာဆီယံဒေသတွင်း နိုင်ငံများအတွင်း အကြီးကျယ်အခမ်းနားဆုံးဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစား သမားများ၊ အသင်းနည်းပြများ၊ အုပ်ချုပ်သူများ၊ ပွဲကြည့်ပရိသတ်များ အဆင်ပြေစွာ သယ်ပို့နိုင်ရန်အတွက် မော်တော်ယာဉ်များ လိုအပ်ရာတွင် ဈေးပြိုင်ခေါ်ယူခဲ့ကြောင်း၊ မော်တော်ယာဉ် လိုအပ်ချက်များ ရှိ၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းင်းက ဆက်လက် ပြောကြား သည်။

လှူဒါန်းမည့် ကားအမျိုးအစားများကို ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လိုအပ်သော ၂၀၀၈ ခုနှစ် မိုဒယ်အထက် ဘယ်မောင်းကားများဖြစ်သည့် ၄၅ ယောက်စီး City Bus ၂၂၅ စီး၊ ၂၉ ယောက်စီး Mini Bus ၈၅ စီး၊ ကိုးယောက်စီး ၆၇ စီးနှင့် ခုနစ်ယောက်စီး အစီး ငါးဆယ်ကို ဈေးပြိုင်စနစ်ဖြင့် ဖေ ဖော်ဝါရီ ၂၀ ရက်က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူခဲ့ ကြောင်း၊ ကုမ္ပဏီ ၂၄ ခုမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ကုမ္ပဏီ သုံးခု တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

၄၅ ယောက်စီး City Bus ၂၂၅ စီးကို General Arr Mahn Thit Co.,Ltd မှရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ အတည်ပြုပြော ကြားသည်။

“Hyundai Super Aero City Bus 2013 မိုဒယ် ကားတွေ တင်သွင်းမှာပါ၊ ၂၂၅ စီး ဆိုပေမဲ့ အစီးတစ်ရာက လှူမယ့်သူရှိတော့ ၁၂၅ စီးပဲ သွင်းရမှာပါ”General Arr Mahn Thit Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

၂၉ ယောက်စီး Mini Bus ၈၅ စီးကို Aung Kanbo Co.,Ltd မှ ရရှိသွားကြောင်း၊ ခုနစ်ယောက်စီးနှင့် ကိုးယောက်စီး ၁၁၇ စီးကို Toyota Tsusho Asia Pacific PTW.,Ltd က ရရှိသွားကြောင်း သိရသည်။

Automobile Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။