/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, May 19, 2013

.

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ



ရန်ကုန် မေ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးနှင့် ဗန်ကောက်မြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား သို့တက်ရောက်ရန် ယနေ့ ညနေ(၃)နာရီတွင် မြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချင်းမိုင်မြို့သို့ ထွက်ခွာသွားသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေ သကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်ဇော်၊ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါသွားကြသည်။

.. www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။