
၎င်းဟောပြောပွဲသို့ ပါတီ (၂) ခုမှ ပါတီဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ထွဋ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးသန်းဌေးဟန်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်၊ ကျေးရွာများမှ ပါတီစည်း ရုံးရေးမှူးများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ စုစုပေါင်း အင်းအား (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းမှ မိမိတို့ပြည်သူလွှတ် တော်ကိုယ်စားလှယ်အနေဖြင့် အမျိုးသားစီမံကိန်းများ၊ အခွန် ကောက်ငွေကြေးကိစ္စရပ်များနှင့် မြို့နယ်/ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမျိုးသားလွှတ်တော် သို့ဥပဒေအတည်ပြုဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်/ ကျေးလက်ဖွံ့ ဖြိုးရေးအတွက် တင်ပြချက်များ အား ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်မှ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ အကြောင်း အရာများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မိမိတို့ပါတီနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် သင်္ကြန်သံချပ်ခွင့်ပြုချက်မရရှိခြင်း နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ခြင်း၊ တပ်မတော်သားနှင့် အရပ် သားအမှုအခင်းဖြစ်ပါက စစ်တရား ရုံးများက ဆုံးဖြတ်ဆောင်ရွက် ကြောင်းစသည်ဖြင့် ရှင်းလင်းပြော ကြားကာ ထိုနေ့မွန်းတည့် (၁၂း၃၀) အချိန်တွင် အခမ်းအနား ပြီးဆုံးကြောင်း သတင်းရရှိသည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။