/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 29, 2013

.

“ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှု ၁၅ ရာခိုင်နှုန်းခန့် ပြီးစီး”

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ၀င်းစိန်တောရ၌ တည်ဆောက်လျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး လျောင်း တော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုမှာ ယခု အခါ ၁၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ၀င်းစိန်တောရမှ သိရသည်။

လက်ရှိတည်ဆောက်လျက်ရှိသည့် လျောင်းတော်မူ ဗုဒ္ဓ ရုပ်ပွားတော်မှာ ဥာဏ်တော် ၉၀၀ အမြင့်နှင့် အတောင် ၆၀၀ ပေ ရှိပြီး ကမ္ဘာပေါ်၌ အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်ကြောင်း ယခင် ၁၉၉၂ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့သည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ဥာဏ်တော် ၆၀၀ အမြင့်နှင့် အတောင် ၄၀၀ ပေရှိကာ လက်ရှိ၌ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်သည့်အတွက် အချောသတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၀င်းစိန်တောရကျောင်းတိုက်မှ ဦးဇင်းလေး က ပြောသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။