/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 6, 2013

.

ပုဗ္ဗသီရိမဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်


နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးဖြိုးဇေယျာ သော်၊ ဦးမင်းသူ၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ်၊ညောင်လူးကျေးရွာအုပ်စု၊ ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့ ကြကြောင်းသတင်းရရှိသည်။

ဦးစွာ NLD ပါတီဥက်္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့်အဖွဲ့သည် ကျောင်း စုပရိယတ်္တိစာသင်တိုက် ကျောင်း ထိုင်ဆရာတော် ဥူးသုနမောဒိ အားဖူးမျှော်ကြည်ညိုပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံနှုတ်ခွန်း ဆက် အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ကော်မ တီဝင်များမှတင်ပြခဲ့သော အလုပ် လက်မဲ့ပြဿနာအကြောင်းနှင့် အတူ ကျေးရွာလျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ပညာရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေးကဏ္ဍများ ကိုလည်း အကျယ်တ၀င့်ဆွေးနွေး မှာကြားပြောကြားသွားသည်။ ၎င်းနောက် ပုဗ္ဗသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဇေယျာသော်မှကျန်းမာရေးအခြေ အနေ အရ ခွင့်(၃)လယူထားစဉ် ကာလ ၎င်း၏နယ်မြေအား ဒေါ် အောင်ဆန်းစုကြည်မှခွင့်ကာလ အတွင်းကိုယ်စား တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများ အား ပြောကြား လျက် ဒေသခံပြည်သူများအား နှုတ်ဆက် ကာ ပြန်လည်ထွက်ခွာခဲ့သည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင် (၅၀)ပြည်သူ့ဆေးရုံသို့သွားရောက် ခဲ့ပြီး ဆေးရုံတာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

Credit : Here

1 comment:

  1. အရက် သ မား တော့ ထိ ပြီ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။