/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 6, 2013

.

ဒါလေးတွေတော့ အရင်လုပ်ပါ အန်တီ


အသက်ကြီးကြီး အမေအရွယ်မို့ အမေလို့ ခေါ်ပေးရတာ ကျွန်တော့်အတွက် ပြဿနာ မရှိပါဘူး။ အတိတ် ဟောင်း တွေကို ပြန်မဆွပဲ ကျွန်တော်နဲ့အတူ ခဏလောက် ပြည်သူတွေကြားထဲကို သွားကြည့် ရ အောင်။

အန်တီ အကျယ်ချုပ်က လွတ်လွတ်ချင်းမှာ ကျွန်တော် အံ့သြမိတာက လူတိုင်း ဖုန်းတွေ သုံးနိုင်တာကိုပဲ ဆိုပြီး အန်တီ ကျေနပ်အား ရခဲ့တဲ့ ဖုန်းဈေးတွေဟာ နိုင်ငံတကာ စံ မဟုတ်ပါဘူး။ ဒါပေမယ့် အန်တီကလဲ ၀င်ငွေ ရှိပြီး လိုတာတွေ အကုန်ရနေတာမို့ ဒီဖုန်းကိစ္စကို အန်တီ တစ်ခွန်း မဟခဲ့ဘူး မဟုတ်လား။



အန်တီ့ရဲ့ ဂရုစိုက်မှုကြောင့် ဂင်းနစ်စံချိန်ဝင် ဖြစ်လာနိုင်တဲ့ အဘွားအို

ဟိုမှာ ကြည့်လိုက်ပါအုံး အန်တီ။ ဖျားနာနေတဲ့ အမယ်အိုတစ်ယောက်နဲ့ ဘွဲ့ရပြီး ၀င်ငွေမရှိလို့ မပြုစုနိုင်တဲ့ သား တစ်ယောက်ကို တွေ့လား။ အန်တီ ဖျားရင် ရန်ကုန်ဆေးရုံကြီး ရောက်ချင်ရောက်မယ်။ ဒါမှမဟုတ် အ ထူးကု ဆေးခန်းကြီးတွေ၊ အဲဒါမှမဟုတ်ရင် နိုင်ငံခြားက ဆေးရုံကြီးတွေမှာ အန်တီ ကုပါလိမ့်မယ်။ ဒါပေမယ့် ဒီ အမယ် အို အတွက်ကတော့ ရန်ကုန်ဆေးရုံကြီး သွားဖို့ ကားခတောင် မရှိပါဘူး ။ အဲဒီ အမယ်အိုလို လူတွေ မြန်မာ နိုင်ငံမှာ အများကြီး ရှိနေတဲ့ အနက် တစ်နိုင်ငံလုံးကို ကိုယ်စားပြုချင်တဲ့ အန်တီက ရန် ကုန်ဆေး ရုံကြီး တစ်ကွက် ကို အဆိုတင်သွင်းခဲ့တာ ကျွန်တော် အံ့သြမိပါတယ် အန်တီ။



ဆိုင်ကယ်စီးချင်၍ ဘဏ်ဖောက်ခဲ့သည့် ကျောင်းသား၊ ဒီကျောင်းသားကို ဗကသတွေက ကာကွယ်ပေး ကြ သတဲ့ အန်တီ
သူ့ဘေးက သားကို ကြည့်ပါအုံး။ အန်တီ အဆိုတင်သွင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးက ဘွဲ့ရခဲ့တာ မဟုတ် ပါ ဘူး။ အဲလိုမျိုး ရန်ကုန်တက္ကသိုလ်ကြီးက မဟုတ်ပဲ ဘွဲ့ရပြီး အလုပ်မရသေးတဲ့ လူငယ်တွေ အန်တီ အ ကျယ်ချုပ် ကျနေတုန်း သိန်း သန်းမက ရှိနေခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီး မဟုတ်ဘဲ မြန်မာ တစ်နိုင် ငံ လုံးမှာ အခြား တက္ကသိုလ်တက်မယ့် ကျောင်းသားတွေလဲ သိန်းသန်းမက ရှိနေပါသေးတယ်။ သူတို့ အနာဂတ်တွေ အတွက်ဆိုတာထက် ရန်ကုန်တက္ကသိုလ်ကြီးကို ကွက်ပြီး အဆိုတင်သွင်းခဲ့တာကိုလည်း ကျွန်ေ တာ် အံ့သြမိပြန် ပါတယ် အန်တီ။



ဟို ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်ပါအုံး။ အန်တီနဲ့အတူ နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့် ကျေး ဇူး ကြောင့် နှစ်ရှည်ထောင်ထဲက လွတ်မြောက်လာသူတွေပါတဲ့ စာပေဟောပြောပွဲ ဆိုင်းဘုတ် ကြီးလေ။ သူတို့က အခု မကြောက်တရားတွေ ဟောနေကြတယ်။ အစိုးရကို အပုပ်ချနေကြတယ်။ အန်တီ က လက် ရှိ အစိုးရ အဖွဲ့မှာ တရားဥပဒေ စိုးမိုးရေး ကော်မရှင် ဥက္ကဌကြီး မဟုတ်လား။ ကျောင်းသား ကို ကျောင်းစာ ကြိုးစားဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ သတ်မှတ်ထားတဲ့ လူ့စည်းကမ်းတွေမှာ နေ တတ် ဖို့ အန်တီ မသွန်သင် တော့ဘူးလား။



ဒီလို သရုပ်ပျက် အ၀တ်အစားများနဲ့ မကြောက်တရားတွေ ကိုင်စွဲပြီး ဒီနေ့ ပြည်သူ့ရင်ပြင်မှာ ရိုက် ပွဲ တောင် ဖြစ်ကြပါတယ်။

ဟိုတစ်လောက အန်တီ လုပ်တဲ့ ဟောပြောပွဲမှာ လူတွေ စည်းကမ်းမရှိဘူးဆိုပြီး အန်တီ ဆူခဲ့ရ တာကို မှတ် မိ မှာပါ။ လူငယ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ လေ့ကျင့်ကြိုးစားဖို့ စာပေဟောပြောတဲ့သူတွေ နေရာ မှာ မကြောက်တရားနဲ့ သူပုန်ထဖို့ ပြောသူတွေ နေရာရကုန်ကြပြီ အန်တီ။



အန်တီ ဟိုဘက်ကို ကြည့်ပါအုံး။ ၉၆၉ စတစ်ကာတွေနဲ့ ဈေးရောင်းနေတဲ့ မြန်မာတွေလေ။ ရခိုင်မှာ ဘင်္ဂလီ ကိစ္စ ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ အမျိုးသား လှုပ်ရှားမှုပါ အန်တီ။ အမျိုးသားရေး ဆိုပေ မယ့် နောက် ကွယ်က ပံ့ပိုးမယ့်သူ မရှိတော့ သစ်သီးသည်၊ ကွမ်းယာသည်၊ စတိုးဆိုင်တွေနဲ့ ယာဉ်လိုင်းတွေမှာပဲ ၉၆ ၉ နိုင် တော့တယ်။ သံသွပ်ဆိုင်၊ ပိုက်ဆိုင်၊ လျှပ်စစ်ဆိုင်၊ ဒံပေါက်ဆိုင်နဲ့ မရှိမဖြစ် လိုအပ်တဲ့ လုပ် ငန်းတွေ၊ ဆိုင်တွေ မှာ မြန်မာတွေ နေရာရအောင် ပံ့ပိုးပေးမယ့်သူတွေ မရှိသေးဘူး အန်တီ။ နိုင်ငံရေး အကျဉ်း သား ဆိုသူတွေကို တစ်လ ငါးထောင် ထောက်ပံ့ခဲ့တဲ့ အန်တီတို့က သူတို့တွေ အတွက် နည်း နည်းလေး လုပ်ပေးလို့ မရဘူးလားဗျာ။



နေပြည်တော်က ၀န်ထမ်းများကတော့ ဒီထက်ဆိုးတဲ့ ကားတွေနဲ့ ရုံးတက် ရုံးဆင်း လုပ်နေရတယ် ဆိုတာ တစ်ညနေလောက် မြို့မဈေးကို ၀င်ကြည့်ရင် တွေ့နိုင်ပါတယ်

ဟိုမှာ ပြေးပြေးလွှားလွှားနဲ့ ဘတ်စ်ကား တိုးစီးသွားတာ နိုင်ငံ့ဝန်ထမ်း ဦးစီးအရာရှိပါ အန်တီ။ လစာ တစ် သိန်း၊ ဒေါ်လာ ၁၀၀ ကျော် လစာနဲ့ နိုင်ငံ့တာဝန် ထမ်းနေတဲ့ ၀န်ထမ်း အရာရှိပါ။ သူ့နောက်က ပါသွားတဲ့ သူ ကတော့ ဘွဲ့ရ အငယ်တန်းစာရေး တစ်ယောက်ပါ အန်တီ။ တစ်နေကုန် ရုံးမှာ အလုပ်လုပ်ပြီး ညပြန်ေ ရာက်ရင် နောက် အလုပ်တစ်ခုကို ထပ်လုပ်မှ မိသားစု ဘ၀ရပ်တည်ရေး ပြေလည်တဲ့ ၀န်ထမ်းတွေပါ။ နိုင်ငံတော် အဆင် မပြေ တာက တစ်ကြောင်း၊ လူသန်း ၆၀ ရှိတဲ့အထဲမှာ လူ ၂ သန်းကို ဦးစားမပေးနိုင် ဘူးဆို တာနဲ့ သူတို့ဘ၀တွေဟာ မတင့်တယ်နိုင်ကြပါဘူး။ ၀န်ထမ်းတွေ ဘ၀ကို အန်တီ တစ်ခါမှ ပြောဖူး တာ မတွေ့မိဘူးနော်။



အန်တီ့ ညာဘက်ကို မြန်မြန် ကြည့်လိုက်။ လက်သီးဆုပ်ပြီး ကားမီအောင် သုတ်သုတ် ပြေးလျှောက်သွား တဲ့ လူနှစ်ယောက်ကို တွေ့လား။ အဲဒါ အလုပ်တာဝန်နဲ့ မြို့ပေါ်ကိုလာတဲ့ တပ်က အရာရှိနဲ့ သူ့အကူ ဆရာ တစ်ယောက်ပါ အန်တီ။ အန်တီ့အဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်က အရာရှိတွေဟာ အသက်စွန့် စားရိတ် ၅၀၀၀၊ တာဝန် တစ်ခုသွားရင် ၅၀၀၀ ဆိုတဲ့ ငွေနဲ့ တိုင်းပြည် တာဝန်ထမ်းဆောင် နေပါတယ်။ တပ်မတော် အပေါ်မှာ အပြည့်အ ၀ သစ္စာရှိပြီး ကိုယ်ကျိုးအတွက် ဖြစ်မှာ စိုးတဲ့စိတ်ကြောင့် ဘာတစ်ခုမှ မတောင်းဆိုကြ ပါဘူး။ အန်တီ့ အမေလို ပါရမီ ဖြည့်ဘက်တွေကတော့ ကောက်စိုက်ချိန်ဆိုလည်း စိုက်၊ ပရိတ်ရွတ်ချိန်လည်း ရွတ်၊ ဘ၀တွေကို တပ်ထဲ မှာ အချိန်ပေးပြီး မလောက်မငှ ဘ၀မှာ ရပ်တည်နေကြပါတယ်။ ၀န်ထမ်းတွေ အရေး အန်တီ ဆောင်ရွက်ပေး တဲ့ တစ်နေ့မှာ သူတို့အတွက်လည်း အကျိုးဖြစ်ထွန်းမှု တစ်ခုခု ပါကောင်းပါရဲ့ ဆိုပြီး တာဝန်ကို အသက်စွန့် ထမ်းဆောင်နေကြပါတယ်။



ဟိုဘက်က လယ်ကွင်းတွေကို ကြည့်လိုက်ပါအုံး အန်တီ။ ၁၉၈၈ မှာ တရုတ်နိုင်ငံက GPS သုံးပြီး လယ် စိုက်နေ ပြီ အန်တီ။ အန်တီတို့ ပါတီထောင်ပြီး အပြိုင်အဆိုင် လုပ်နေကြချိန်မှာ တရုတ်တွေက လယ်မြေေ တွကို ဓာတ်ခွဲ ခန်းပို့ပြီး စစ်နေကြပြီ။ အဟောင်းတွေ မပြောကြေး ဆိုတော့ လက်ရှိ အချိန်ပဲ ပြောရအောင် အန်တီ။ နိုင်ငံတ ကာမှာ စက်မှုလယ်ယာ စနစ်ကို သွားနေကြပြီ ဆိုတာ အန်တီက ပိုသိမှာပါ။ ဒီက လယ်သမားတွေကတော့ ဆန္ဒ ပြဖို့ပဲ သိကြတယ် အန်တီ။ ကျွန်တော့်တို့ရဲ့ လယ်ကွင်းတွေမှာလဲ လူ၊နွား၊ လယ်ထွန်စက် လောက်ပဲ ရှိနေပေ မယ့် နိုင်ငံတကာမှ စက်တွေနဲ့ အလုပ်လုပ်နေကြပြီ အန်တီ။ လယ်ပိုင်၊ ယာပိုင် ဆူပူမှုတွေ ကြားထဲမှာ ခေတ်မီ တဲ့ စိုက်ပျိုးစနစ်၊ နည်းပညာနဲ့ အထောက်အကူ ပစ္စည်း အကူအညီတွေကို အနောက်က အမျိုးတွေ ဆီမှာ တောင်း ကြည့် ပါလား အန်တီ။



ဓာတ်တိုင် နားက ရဲတစ်ယောက်ကို ကြည့်လိုက်ပါအုံး အန်တီ။ အန်တီ ဒီလမ်းကို လျှောက်မယ် ဆိုလို့ အန် တီ့ လုံခြုံရေး အတွက် ကာကွယ်ပေးနေတာပါ။ သူ့ဖိနပ်က စုတ်နေတယ်။ သူ့ဆီမှာ ရာဘာဒုတ် တစ်ချောင်း က လွဲပြီး ဘာမှ မရှိဘူး အန်တီ။ အရေးအကြောင်းဆို ဆက်သွယ်စရာ စက်ကလေးတစ်လုံးတောင် သူ့ကိုယ် မှာ မရှိ ဘဲ ကိုယ်စွမ်း ဥာဏ်စွမ်းနဲ့ အန်တီ့ကို စောင့်ရှောက်ပေးနေတယ်။ သူတို့က တိုင်းပြည် အတွက် လို အပ် တာပဲ မဟုတ်လား အန်တီ။

စိတ်မောသွားပြီလား။ ဒီထက် မောစရာ လက်တွေ့ဘ၀တွေ အများကြီး ရှိပါသေးတယ်။ အခု အန်တီက အ စိုး ရ အဖွဲ့ဝင် ဖြစ်နေပါပြီ။ အန်တီဟာ နိုင်ငံရဲ့ တာဝန်ရှိသူ တစ်ဦး ဖြစ်နေပါပြီ။ အစိုးရကို အပုပ်ချတာ မ ဟုတ် ဘဲ လုပ်နိုင်တဲ့ အလုပ်တွေကို အန်တီ ပညာရှိရှိ ချပြသင့်ပါပြီ။



ကျွန်တော့်ကို ကြည့်ပါ အန်တီ။ ကိုယ့်အမေ အရွယ်မို့ အမေလို့ တစ်ခွန်း ခေါ်ပေးဖို့ ကျွန်တော်တို့ အတွက် ဘာမှ မခက်ပါဘူး။ ဒါပေမယ့် ဒါလေးတွေတော့ အရင်လုပ်ပါ အန်တီ။

Credit : Here

1 comment:

  1. အစ်ကိုတောင်းဆိုတာတွေတော့ မှန်ပါတယ်.....ဒါပေမဲ့ အမေ့မှာ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ရနေလို့လား.....ဒါမှမဟုတ် တတိုင်းပြည်လုံးကို....သူအုပ်ချုပ်မင်းလုပ်နေလို့လား....အစ်ကိုက ဘယ်လိုထင်မြင်ယူစချက်နဲ့ တောင်းဆိုနေတာလဲ....တစ်ကယ်လို့ တောင်းဆိုချင်တယ်ဆိုရင်တောင် အမေစု အုပ်ချုပ်မင်းလုပ်နေရင် တော့ဖြစ်သင့်ဖြစ်ထိုက်တာတွေကို စဉ်းစား ပေးမှာပါလို့ ယုံကြည်ပါတယ်။ တောင်းဆိုမှုတစ်ခုဆိုရင်တော့ အစ်ကို တောင်းဆိုရမဲ့လူ နည်းနည်း လွဲနေတယ်ထင်တယ်...ပြန်သုံးသပ်ကြည့်ပါ ။ဘယ်သူဘယ်ဝါကိုတောင်းဆိုရမယ်ဆိုတာကိုတော့ မပြောပြသင့်ဘူးထင်တယ်....ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်တွေ၊ရွာတွေ၊ တောတွေမှာ ဆော့ကစားနေတဲ့ ညဏ်ရည်မပြည့်မှီသေးတဲ့ ကလေးတွေတောင် သိမယ်ထင်တယ် အစ်ကို (၇)ည(၈)ည လောက် နှဖူးပေါ်လက်တင်ပြီး စဉ်းစားသင့်တယ်လို့ ယူဆလျှက်.......အမှားပါရင် တောင်းပန်ဖို့ ၀န်မလေးတဲ့
    လူငယ်အတွေးနှင့် SawGyan2012

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။