/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 6, 2013

.

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေး သွား မည်ဖြစ်ေ ကြာင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီး ဌာ န သို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြု ချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေး သွား မည်ဖြစ်သည်။

ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်း ရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ် တစ် သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီ ဆ လွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်ေ နပါ တယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင် ကဲ့ သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိ ကြိုက်နှစ် သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှု ဝန်ကြီး ဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ... တစ်လကို ကျပ်တစ်သိန်း ပေး သွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ် တစ် သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြော သည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်း အတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါ တယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန် ကားေ တွ ကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှု ဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။

ယခင်က မြန်မာမီနီဆလွန်းကား ဝယ် ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်ေ သာ် လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင် စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Credit : ခေတ်လူငယ်

3 comments:

  1. ဂျက်မြသောင်း

    ReplyDelete
  2. ( တကယ်ပြောတာပါ)3

    ReplyDelete
  3. ၀န်ထမ်းတစ်ဦးကို တစ်လမှ(၈၀၀၀၀)ရှစ်သောင်း ။ တစ်လသွင်းကြေး (၁၀၀၀၀၀) ဆိုတော့က
    ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး ။ ၀န်ထမ်းထဲကမှ အကြီးအကဲနဲ့ လက်ထောက်လစာလောက် ဆိုရင်တော့ တစ်မျိုးပေါ့.........တစ်မျိုးမထင်နဲ့နော် အင်တာနက်ထဲမှာ ဝေဖန်လို့ရတယ် အတင်းတုတ်လို့ ရတယ်ဆိုလို့ ဝေဖန်ကြည့်တာပါ ။
    ပြောသာပြောရတာပါ ကားမပြောနဲ့ ထော်လာဂျီတောင် ၀င်လို့မရတဲ့
    ကျွန်တော်တို့လို ရပ်ကွက် နဲ့တော့ မကိုက်သေးပါဘူးဗျာ။
    လမ်းကြုံလို့ပြောပါရစေ နိုင်ငံတော်မှာ အာဏာအရှိဆုံး ဂုဏ်သရေရှိ လူးကြီးမင်းအပေါင်းတို့ခင်ဗျား
    အဓိကကျတဲ့ နေရာမှာရှိတဲ့ လမ်းတွေ.....တံတားတွေ....နိုင်ငံခြားသားတွေမြင်နိုင်တဲ့နေရာတွေ.....vip ဖြတ်မဲ့ နေရာတွေလောက်ပဲ ပြုပြင် ပြောင်းလဲနေကြတာလားခင်ဗျာ တိုင်းပြည်ကိုချစ်ရင် နိုင်ငံကိုချစ်ရပါတယ် နိုင်ငံကိုချစ်ရင် လူမျိုးကိုလည်းချစ်ရပါတယ် လူမျိုးကိုချစ်ရင်ပြည်သူကိုချစ်ရပါတယ်.....နိုင်ငံ့ အာဏာရှိလူကြီး မင်းခင်ဗျား အချိန်လေး နည်းနည်းလောက် ဖဲ့ပြီး တစ်ခေါက်လောက် ရပ်ကွက်တွေ ရွာတွေကို ဘယ်သူမှမသိအောင် ကွင်းဆင်းလေ့လာစေချင်ပါတယ်.....ဘယ်သူမှမသိအောင်ဆိုတာကိုတစ်မျိုးမထင်နဲ့နော် ရှေးဘုရင်တွေလို....တိုင်းပြည်ဘယ်လိုအခြေနေရှိလဲဆိုတာ၊ပြည်သူတွေဘယ်လောက်ချစ်တယ်ဆိုတာကို ကိုယ်တိုင်လေ့လာကြည့်ကြတာပါ ဒါမှ ကိုယ့်တိုင်းပြည် အပေါ်မှာရော ကိုယ့်ပြည်သူအတွက်ပါ ဘာလိုအပ်သလဲ ဘာလုပ်ပေးရမလဲဆိုတာကိုသိတော့မှာပေါ့ အခုတော့ TV မှာသီတင်းလာမှ ဟောအခုတော့ ဒို့ ဘုရင်က ဘယ်နိုင်ငံရောက်သွားပြန်ပြီ...ဟောဘယ်နိုင်ငံက ပြန်လာပြန်ပြီ ဒါလောက်ပဲ သိရတာ..... ရပ်ကွက်တွေ ရွာတွေကို တစ်ခေါက်လောက် လေ့လာရင်း ပြည်သူတွေ ရွာသူရွာသားတွေ ဘယ်လို လုပ်ကိုင်နေရတယ် ဘယ်လိုရုံးကန်နေ ရတယ်ဆိုတာသိရအောင် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါသည်။ သြော် မေ့လို့ ရပ်ကွက်တွေထဲလာမယ်ဆိုရင် ကားနဲ့ မလာပါနဲ့ လူကြီးမင်းအတွက်ပြောတာပါ အားနာလို့ ကျွန်တော်တို့ရပ်ကွက်က ကားဝင်လို့မရလို့ပါ ....ကားဆိုလို့လဲ ရဟတ်ယဉ် ကြီးကြီးနဲ့လည်း မလာနဲ့ဦး တော်ကြာ ရပ်ကွက်သူရပ်ကွက်သား ရွာသူရွာသားတွေ က ရဟတ်ယဉ် မမြင်ဘူးလို့ လန့်ပြီး ပြေးနေမှဖြင့် မတွေးဝင့်စရာဖြစ်နေဦးမယ် သြော် အရေးကြီးတာမေ့နေတယ်.....အရစ်ကြနဲ့ ကားဝယ်စနှစ်လား မြို့နယ်တွေ ရွာတွေကို မကြေညာပါနဲ့....တစ်ကယ် အမြတ်များများနဲ့ ၀င်ငွေ ဘားချက်ရချင်တယ်ဆိုရင်....နေပြည်တော်တို့ လို မြို့မျိုးမှာ သွားပြီး ကြေညာကြပါဗျာ ကျွန်တော်တို့လို အဆင့်အတန်းမျိုးနဲ့ ကားမပြောနဲ့ ဆိုက်ကားတောင် မနည်းစီးနေရတာပါလို့ ပြောကြားရင်း ပြည်သူတွေသိပ်ချစ်ရအပ်ပါသော အရှင်ဘုရင်ကို ဖိတ်ကြားရင်းနဲ့.....ဒီနေ့တော့....လယ်တော မသွားနိုင်တော့တဲ့ ပြည်သူထဲကပြည်သူ့ဘက်တော်သား.......SawGyan2012

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။