/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 6, 2013

.

လာမည့်ရွေးကောက်ပွဲ မန်းမြို့တော်ဝန် ပြန်အရွေးခံတော့မည် မဟုတ်


မန­္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေး မြို့တော်ခန်းမ၌ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံစဉ်ပြောသည်။

''ကျွန်တော်လာမည့် ရွေးကောက်ပွဲကျရင် အနားယူတော့ မယ်။ အခုဟာက စိတ်ပဲရှိတယ်'' ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။

လက်ရှိတွင် ၄င်း၏အသက် အရွယ်သည် ၇၂ နှစ်ဖြစ်နေ၍ လာ မည့်ရွေးကောက်ပွဲတွင် အသက် ၇၅ နှစ်ဖြစ်မည်ဖြစ်၍ အနားယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

''ကျွန်တော်က ဆင်းရဲတဲ့ မိဘကနေ မွေးဖွားလာတာလေ။ ဒါ ကြောင့် အခြေခံလူတန်းစားအတွက် ကိုအမြဲ စဉ်းစားပြီး လုပ်ဆောင်ပါ တယ်''ဟု မန်းမြို့တော်ဝန်က ပြော သည်။

၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် မန္တလေးမြို့တော်ဝန် ဝင် ရောက်ယှဉ်ပြိုင်မှုမပြုခြင်းနှင့် ပတ် သက်၍ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက မြို့တော်ဝန် အနေနှင့် လာမည့်ရွေးကောက်ပွဲ မဝင်ခြင်း မှာမှန်ကန်သည့် ဆုံးဖြတ်ချက် ချ မှတ်ခြင်းသာ ဖြစ်သည်ဟု ၄င်းအ မြင်ကိုပြောသည်။

မန္တလေးမြို့တော်ဝန် ဦးအောင် မောင်းသည် ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် မဟာအောင်မြေ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားပြု၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အနေနှင့် ရွေးချယ် ခဲ့ရာတွင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

Credit : Popular

1 comment:

  1. ဆယ်သက်စားမကုန်တဲ့စည်းစိမ်တွေနဲ့အေးအေးနေပါ
    တော့မည်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။