/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 15, 2013

.

ညောင်ဦးမြို့ နယ် ပုဂံမြို့ သစ်တွင် သြစတြေးလျ နိုင်ငံသူတစ်ဦး လုယက်ခံရ

၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ ၁၁၂၀ နာရီအချိန်တွင် ညောင်ဦးမြို့  ၊ ပုဂံမြို့ သစ် သီရိမာလာ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော သြစတြေးလျ နိုင်ငံသူ Ms.Beresford Anne Louise ၊ အသက် ၃၂ နှစ် သည်၎င်းအား ဧည့်လမ်းညွှန်အဖြစ် လိုက်ပါလာသော ဒေသခံ အမည်မသိ လူငယ်တစ်ဦးနှင့် အတူ ဘုရားဖူးလှည့်လည်ပြီး ပုဂံမြို့ သစ် တာမဏီ ဘုန်းကြီးကျောင်း အနီး ဘုရားအမှတ် (၁၁၃၁)သို့ ရောက်ရှိ ဘုရားဖူးနေစဉ် အတူလိုက်ပါလာသော ဧည့်လမ်းညွှန် ဒေသခံလူငယ်မှ ပါးစပ်ပိတ်၍ ဆွဲခေါ်သွားပြီး ကင်မရာအိတ်တစ်လုံး၊ ကင်မရာမှန်ဘီလူး အဖုံးတစ်ခု ၊ နာရီ တစ်လုံး၊ ပုလဲ ရွှေနားကပ် တစ်ရံတို့အား လုယူခဲ့သဖြင့် ၎င်းမှ လူငယ်၏လက်အားကိုက်ဆွဲ၍ အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ လူငယ်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

သစတြေးလျ နိုင်ငံသူ Ms.Beresford Anne Louise မှ တည်းခိုရာ ဟိုတယ်သို့ ပြန်လည်ရောက်ရှိပြီး ဟိုတယ် မန်နေဂျာ ဦးစန်းဝေ မှတစ်ဆင့် ပုဂံမြို့ သစ် ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် စခန်းမှူးနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ လိုက်လံကြည့်ရှုရာ လုယက်ခြင်း ခံရသော ကင်မရာ မှန်ဘီလူးအဖုံးတစ်ခု၊ နာရီတစ်လုံး၊ ပုလဲရွှေနားကပ်တစ်ရံအား ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ၎င်းကင်မရာ၏ မှတ်တမ်းအရ ဧည့်လမ်းညွှန် အဖြစ်လိုက်ပါခဲ့သော အမည်မသိ ဒေသခံ လူငယ်မှာအောင်ဖြိုးဦးမောင်၊ အသက်(၁၉)နှစ် ၊ (ဘ) ဦးမောင်မောင် ၊ ပုဂံမြို့ သစ် နေသူဖြစ်ကြောင်း သိရှိရပြီး တရားခံဖြစ်သူ အောင်ဖြိုးဦးမောင်အား ယင်းနေ့ ညနေ ၆ နာရီ ခန့်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ပုဂံရဲစခန်းမှ ပြစ်မှုအမှတ်စဉ် ၊ ၂၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ အတွင်းပုဂံ-ညောင်ဦးတွင် (၁၆) ရက်အတွင်း နိုင်ငံခြားသားခရီးသွားများဆီက လုယက်မှု (၃) မှုဖြစ်ပွားခဲ့ရာ တစ်မှုကို နှစ်ရက် အတွင်း ညောင်ဦးရဲစခန်းမှ ဖော်ထုတ်နိုင်ခဲ့သည်။


ဓာတ်ပုံ - ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပစ္စည်းများ လုယက်ခံရသော နိုင်ငံခြားသူ Mrs.Rahwinder Rettura အား ညောင်ဦးရဲစခန်းမှ ညောင်ဦး မြို့နယ်မှူးနဲ့ ညောင်ဦးရဲစခန်း စခန်းမှူးတို့က ပစ္စည်းများပြန်လည် ပေးအပ်နေစဉ် (အောင်စိုးထိုက် + ICJ - DVB TV News)

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။