/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 15, 2013

.

ဂဠုန်စောလက်သစ် ဟန်ဝင်းအောင်မှ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းတော့မယ်ဟု ခြိမ်းခြောက်


လက်ပံတောင်းကြေးနီစီမံကိန်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် ကာလအတွင်း (၁၄.၃.၂၀၁၃)နေ့တွင် ဆည်တည်းကျေးရွာ သို့လည်း ရောက်ရှိခဲ့သည်။ အဆိုပါရွာသို့ ၀င်ရောက် သည့်အခါ တွင် ဟန်ဝင်းအောင်ခေါင်းဆောင်သော ရန်ကုန်လူမှုအကျိုးဆောင် ကွန်ယက်အဖွဲ့ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် လုံခြုံရေး ၅ ယောက်သာ ၀င်ရောက်ခွင့်ပြု မည်ဟု ဆိုခဲ့သည်။

ဆည်တည်းကျေးရွာထဲသို့ ရောက်ရှိသည့်အခါတွင် ခင်ဗျားတို့အကုန်လုံးကို သွေးစွန်းတော့မယ်၊ အပြတ် ရှင်းတော့မယ်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား အနီးကပ် စောင့်ရှောက်လိုက်ပါခဲ့သူ အဆိုတော်လင်းလင်းက သူ၏ဖေ့ဘုတ်စာမျက်နှာတွင် ယခုလိုရေး သား ခဲ့သည်။

"ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာ တွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟု ကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့် သွေးထိုး လှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ" ဟု ရေးသားထားသည်။

အဆိုပါဟန်ဝင်းအောင်၊ ဘထူးတို့သည် လက်ပံတောင်းသပိတ်စခန်း ဖွင့်လှစ်ခြင်းနှင့် ဆန္ဒပြမှုများ ၏ နောက်ကွယ်ကြိုးကိုင်သူအဖြစ် လက်ရှိအချိန်တွင် နာမည်ကြီးလျက်ရှိပြီး သပိတ်စခန်းအား မီးခိုးဗုံး များဖြင့် ဖြိုခွင်းခံ ရသည့်အချိန်တုန်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်သည်။

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာထွက်မည့်နေ့တွင် လက်ပံတောင်းဒေသသို့ ပြန်လည်ရောက်ရှိလာ ပြီးနောက် ကော်မရှင်၏ အစီရင်ခံစား ကန့်ကွက်ရန်၊ စီမံကိန်းရပ်တန့်ရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် လာစေရန် ဦးဆောင်လှုပ်ရှားခဲ့သူများ ဖြစ်သည်။

ThanLarWaddy Times

Credit : Here

2 comments:

  1. ခွေးပစ်တုတ်လောက် အကောင်ကများ ကိုယ့်အတ္တ
    တစ်ခုတည်းကို ရှေ့တန်းမတင်နဲ့ သူတပါးတိုင်းပြည်
    နဲ့ဆောင်ရွက်ရတဲ့ ကိစ္စမှာ ရေရှည်ကိုယ့်တိုင်းပြည်
    အနာဂတ်ကို ကြည့်ရမယ် သံဃာတွေအနာတရ
    ဖြစ်ရတာတွေက တစ်ပိုင်းရှင်းပေးရမဲ့အပိုင်း အမေ
    ဘယ်နေလိမ့်မလဲ လယ်သမားတွေ ရော်ကျေးလည်း
    ထိုက်တန်အောင်စီစဉ်ပေးရင် မလိုလားပေမဲ့လည်း
    တိုင်းပြည်အနာဂအတွက် သေချာရင် ဆက်လုပ်ခွင့်
    ပေးရမှာပဲ ဒီလောက်ကမ္ဘာသိဖြစ်နေတဲ့ကိစ္စ စစ်တပ်
    ငွေစာရင်းထဲပဲ ရောက်သွားပါ့မလား မဟုတ်ရင်မခံ
    တပ်တဲ့အမေစု နှစ်ပေါင်းများစွာ အကျယ်ကျခံပြီးတောင်
    ပြည်သုအတွက်နေလာခဲ့တာ ပြည်သူအတွက် အကျိုး
    မရှိရင် အမေစုလုပ်ပါ့မလား နွားကွဲရင်ကျားဆွဲဖို့ချောင်း
    နေတဲ့သူတွေအတွက် အားပေးသလို ဖြစ်သွားရင်
    ဘယ်သူမှကောင်းတော့မှာ မဟုတ်ဘူး တဖက်ကလည်း
    ဒေါ်စုမှဒေါ်စုဖြစ်နေတဲ့ပြည်သူတွေကို ခုလိုဆိုရင် ကြိတ်
    ပြီးဝမ်းသာနေကြမှာ သူများပြောတိုင်းနားမယောင်ပဲ
    လေးလေးနက်နက်တွေးကြည့်ရင် အခြေခံ အမှန်ကို
    တွေ့လာပါလိမ့်မယ် အားလုံးအတွက် စေတနာဖြင့်
    ရေးသားခြင်းဖြစ်ပါတယ် ။

    ReplyDelete
  2. ဒီ မို စွာMarch 16, 2013 at 8:36 PM

    အ ဖျက် သ မား ဆို တာ ဘု ရား ရှင် လက် ထက် က တည်း က ပါ။

    ဒီ ကောင် တွေ ဖွ ချင် တိုင်း ဖွ လို့ မ ရ အောင် တို့ တစ် တွေ စာ ဖတ်

    များ ကြ ပြီး နာ နာ လေး တွေး ပြီး အ ဖြေ မှန် ကို စစ် ထုတ် ကြ ပါ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။