/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 15, 2013

.

မိုးကြိုးပြင် (မြောက်ရွာ)တွင် ဆန္ဒထပ်ပြ


ဆည်တဲကျေးရွာမှ အပြန် မိုးကြိုးပြင် (မြောက်ရွာ)တွင် ဒေါ်အောင်ဆန်းစုကြည်အား ရွာသူရွာသားများက ဆန္ဒပြခဲ့ကြကြောင်း မိုးကြိုးပြင် (မြောက်ရွာ)မှ ဒေသခံ မမြင့်မြင့်အေးက မဇ္ဈိမအား ပြောသည်။

၎င်းက “ ရွာထဲကို ကားနဲ့ဝင်လာတာကို ရွာသားတွေက တားဖို့ အချိန်မရလိုက်ဘူး။ တဖက်လှည့်နဲ့ လိပ်ခွံတောင် သပိတ်စခန်းကို သွားမယ်လို့ ပြောတာ အဲတော့ ရွာထဲကို ကားတွေ ၀င်လာလို့ရတာပေါ့။ ရွာထဲ ၀င်တဲ့ အခါ ရွာသူရွာသားတွေက ဆန္ဒပြကြတယ်” ဟုပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ ယဉ်တန်းသည် မိုးကြိုးပြင် (မြောက်ရွာ)မှ ဆန္ဒပြမှုကြောင့် ညနေ သုံးနာရီခွဲတွင် ရွာထဲမှပြန်လည်ထွက်ခွာ သွားသည်ဟု မမြင့်မြင့်အေးက ပြောပြခဲ့သည်။

မမြင့်မြင့်အေးက “ ကျွန်မတို့ လိုချင်တာက လက်ပံတောင်းတောင် ရပ်ဆိုင်းတာပဲ လိုချင်တယ်။ ရေ၊မီး အလုပ်လဲ မလိုဘူး။ နောက်ပြီးတော့ မီးလောင်ဗုံးမှန်း သိရက်နဲ့ မီးခိုးဗုံးလို့ ပြော တာကို ဖြေရှင်း ချက် ထုတ်တော့ သူတို့က အပြောမခံဘူး။ အခုတော့ ရွာသူရွာသားတွေကတော့ လုံးဝ လက်မခံဘူး။ သူ့ကိုလဲ မလိုလားတော့ဘူး” ဟုပြောသည်။

ဆည်တဲကျေးရွာနှင့် မိုးကြိုးပြင်ရွာမှာ သုံးမိုင်ခန့်ဝေးပြီး မိုးကြိုးပြင် (အလယ်ရွာ) ကိုသွားခဲ့သော်လည်း အလယ်ရွာမှ လက်မခံသဖြင့်ဝမ်ပေါင် ကုမ္ပဏီဆက်သွားမည်ဟု မမြင့်မြင့်အေးက ပြောသည်။

ယခုနောက်ဆုံးရ သတင်းအရ ၀မ်ပေါင်ကုမ္ပဏီတွင် ခတ္တရပ်နားကာ ထိုမှ တဆင့် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့သည်မုံရွာသို့ ညနေလေးနာ ရီခန့်တွင် ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံများက မဇ္ဈိမသို့ပြောသည်။

Mizzima

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။