/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 15, 2013

.

ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ


ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။

အဆို ပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာ သားများ က နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန် ဆုံး အရေး ယူပေးရေး” ၊ “ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော် သံများ ကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြောင်း ဒေသခံမှ ပြောဆိုခဲ့သည်။

From:Mizzima

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။