/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 15, 2013

.

NLD ဌာနချူပ်တွင် အရေးပေါ်အစည်းအဝေး ကျင်းပသွားရန်ရှိခြင်း

NLD ပါတီ ဗဟိုနာယကအဖွဲ့ဝင် ဦးတင်ဦးနှင့် ဦးဝင်း တင်တို့၏ ဦးဆောင်မှုဖြင့် CECအဖွဲ့မှ ဦး ဥာဏ်မြင့်နှ င့် ဦးဟံသာမြင့်တို့သည် အထူးအစည်း အဝေး တ ရပ်ကို ၁၈-၃-၂၀၁၃နေ့တွင် NLD ရုံးချုပ် တွင် ပြု လုပ်သွားရန်စီစဉ်ထားကြောင်း သိရှိရပါ သည်။

၎င်းအစည်းအဝေးပြုလုပ်ရန် စီစဉ်ရခြင်းမှာ ပါတီ ညီလာခံမှ ရွေးချယ်တင်မြောက်ခဲ့ပြီးသော CC အဖွဲ့ဝင်သစ်များထဲမှ လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်ရှားလျှက်ရှိနေ သောရခိုင်ပြည်နယ်မှ ဦးညီပု၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ရှမ်းပြည်နယ်မှ ဦးထွန်းထွန်းဟိန်း၊ မွန်ပြည်နယ်မှ ဦးကျော်ခင်တို့နှင့် ဗဟိုနာယကအဖွဲ့မှ ဦးတင်ဦး၊ ဦးဝင်းတင်တို့ သီးခြားတွေ့ဆုံ၍​လွှတ် တော်ပြင်ပ နိုင်ငံရေး စည်းရုံး လှုံဆော်မှုဆိုင်ရာ ကိစ္စများ ညှိနှိုင်းတိုင်ပင်ရေး အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

NLD ပါတီဗဟိုနာယကအဖွဲ့နှင့် CC အဖွဲ့ဝင်များ ဧပြီ (၁)ရက်နေ့ ပါတီရုံးချုပ်တွင် တွေ့ဆုံကာ အထူးအစည်းအဝေးတရပ် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည့်အပေါ် အဓိကထား၍ ယခုလို မတ် လ(၁၈)ရက်နေ့တွင် အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဦးဟံသာမြင့်မှ NLD ဌာနချုပ်တွင် လူငယ်အဖွဲ့ဝင်များကို ပြောကြားခဲ့ပါသည်။

ယခုအခါ NLDပါတီတွင်း CC အဖွဲ့ဝင်သစ်များအား ဗဟိုညီလာခံကျင်းပရေးကော်မရှင်မှ ၎င်းတို့ စိတ်ကြိုက်ရွေးချယ်တာဝန်ပေးခြင်းအပေါ် NLD ပါတီဝင်အဟောင်းများအတွင်း မကျေနပ်ဖြစ်နေကြ ကာ ပါတီအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှုများ ဆက်လက်ရှိနေသည်အပေါ် မကျေနပ်သူများ တိုးပွား လာ နေကြောင်း ထိုကဲ့သို့ တိုးပွားလာခြင်းသည် ပါတီအတွက် ၂၀၁၅ မတိုင်မီ အလားအလာ ကောင်းများ မဟုတ်တော့ကြောင်း ဦးဟံသာမြင့်မှ ဆက်လက်ပြောကြားခဲ့ပါသည်။

၈၈ငြိမ်းချမ်းရေးနှင်ပွင့်လင်းလူ့အဖွဲအစည်း အဖွဲ့ဝင်များဘက်မှလည်း အားရကျေနပ်မှုမရှိ ကြောင်း၊ ယခုလို NLDပါတီဘက်မှ ဒီမိုကရေစီမဆန်သော ဗဟိုချုပ်ကိုင်မှုအပေါ်တွင် NLD-LA အဖွဲ့ဝင် များဘက်မှလည်း အပြည့်အဝထောက်ခံမှုမရှိဘဲ ၂၀၁၅ ခုနှစ်အထိ NLDဗဟိုအဖွဲ့၏ လုပ်ဆောင်မှုများ ကို ဆက်လက်စောင့် ကြည့်သွားမည်ဖြစ်ကြောင်းကို NLD-LA အဖွဲ့ဝင်တစ်ဦးမှ ဦးဟံသာမြင့်အား ပြောကြားသွားခဲ့ပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။