/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 4, 2013

.

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရ


ပြည်သူ့လွှတ်တော်၊တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းအခိုးခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ မှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့၊နံနက် ၉နာရီဝန်းကျင် အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၁၁၅မိုင် စားသောက်ဆိုင်များအနီး၊ဖြူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''အန်တီက ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်နေ့)မှာ နိုင်ငံခြားက ပြန်လာမယ်။သူပြန်လာတဲ့အခါမှာ လာကြိုမယ့်သူတွေကို နေပြည်တော်က အိမ်ကနေ အထုပ်တစ်ထုပ် ယူလာဖို့ ပြောထားတယ်။အဲဒီအထုပ်ကို သယ်လာတဲ့ အန်တီရဲ့ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့အချိန်မှာ ၁၁၅မိုင် စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီး ခဏ၀င်နားတယ်။သူပြန်လာတော့ ရပ်ထားတဲ့ကားပေါ်က အထုပ်မတွေ့ရတော့ဘူး။ဒါ့ကြောင့် ဖြူးရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။

အခိုးခံရသည့် အထုပ်တွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နိုင်ဖွယ် မရှိကြောင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိရသေးကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားခဲ့ပါသည်။

credit: eleven

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။