/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 4, 2013

.

သာယာဝတီ အကျဉ်းထောင် နှိပ်စက်မှု ပြန်လည် ဖော်ထုတ်မည်

သာယာဝတီ အကျဉ်းထောင် ၏ Anti Labour ခေါ် အလုပ် ဆန့်ကျင်ရေး တိုက်ပွဲဝင် ၉၅ ဦး ၏ အနှစ်၂၀ ကျော် ဖြတ်သန်း ခဲ့ရသည့် အကျဉ်း ထောင်တွင်း နှိပ်စက် ခံရမှု များကို ပြန်လည် ဖော်ထုတ် မည် ဖြစ် ကြောင်း အဆိုပါ နိုင်ငံရေး အကျဉ်းသားဟောင်း ၉၅ဦး အဖွဲ့က ပြောကြားသည်။

၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်း ကတည်းက အကျဉ်းထောင် အသီးသီးတွင် အကြောင်း အမျိုးမျိုး ဖြင့် မတရား ဖမ်းဆီး ခံခဲ့ကြ ရသော နိုင်ငံရေး အကျဉ်းသား များမှ နည်းမျိုး စုံဖြင့် ညှဉ်းပန်း နှိပ်စက်မှု ဒဏ် ကို အပြင်း အထန် ခံခဲ့ရကြောင်း ၄င်းတို့ အဖွဲ့က ပြောဆိုသည်။ ရန်ကုန် မြို့တော်၊ တော်ဝင် နှင်းဆီ စား သောက်ဆိုင် တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပသည့် ၁၉၈၉ခုနှစ် သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲဖြစ်စဉ် အခမ်း အနားတွင် အနှိပ်စက် ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား ၉၅ ဦး အဖွဲ့ ထံက သိရသည်။

သာယာဝတီ အကျဉ်းထောင် တွင် ၁၉၈၈ ခုနှစ် ၌ နိုင်ငံရေး အကျဉ်းသား များအား တရား ဥပဒေ မဲ့မှုပေါင်း များစွာ ကို ပြုလုပ် ခဲ့ကြောင်း၊ မိမိ၏ အစ်ကို မှာလည်း အကျဉ်းထောင်မှ လွတ်မြောက် လာစဉ် ယင်းဒဏ် ရာ များကြောင့် သေဆုံး ခဲ့ကြောင်း သာယာဝတီ အကျဉ်းထောင် တိုက်ပွဲဝင် တစ်ဦး ဖြစ်သူ ဦးဇော်ထွန်း၏ ညီမက ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသား ၉၅ ဦး၏ မတရားမှု များကို ပြန်လည် ဖော်ထုတ်သည့် ယနေ့ အချိန်တွင် တရား မျှ တမှု အတွက် နစ်နာ ခဲ့သည် များကို အသိ အမှတ် ပြုရမည် ဖြစ်ပြီး အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဦးကျော် သေဆုံး ခဲ့ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်း ဦးဌေးကြွယ်က ပြောဆို သည်။

“သာယာဝတီ မှာ ငရဲပွက် သွားတဲ့ ထောင်တွင်း တိုက်ပွဲ တစ်ခု ကြုံခဲ့ ဖူးတယ်။ ရေ ၄ ရက် မတိုက်ပဲ ထား လို့ သေတာ မျိုးတွေ ရှိတယ်’’ ဟု ၄င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အတိတ်က ဖြစ်ရပ် များကို မျိုးဆက်သစ် လူငယ်များကို အသိ ပေးဖို့ လိုအပ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား ဦးပြုံးချိုက ပြောကြား သည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် တွင် ရန်ကုန် အင်းစိန် အကျဉ်းထောင် ရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ကို သာယာဝတီ အကျဉ်းထောင် သို့ ပြောင်းရွှေ့ ခဲ့ပြီး တပ်မတော် အစိုးရ လက်ထက် ပထမ ဆုံး သော နိုင်ငံရေး အကျဉ်းသား ထောင်ပြောင်း ရွှေ့မှု ဖြစ်ကာ ပုံစံ ဆံပင်ညှပ်၊ ခြေကျင်း ခတ်၍ ရာဇဝတ် အကျဉ်းသားများ သဖွယ် အပြောင်း အရွှေ့ ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ၉၅ဦး အဖွဲ့က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။