/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 4, 2013

.

လားရှိုးသိန်းအောင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မန္တလေး တွင် ကျင်းပမည်


မကြာမီ က မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော လားရှိုး သိန်းအောင် ၏ ဒုတိယ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ တွင် မန္တလေးမြို့ Swan Hotel မြက်ခင်းပြင် ၌ ကျင်းပမည် ဟု လားရှိုးသိန်းအောင် က ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲ တွင် လားရှိုးသိန်းအောင် ၏ ကျော်ကြားသော သီချင်း ၃၀ ကျော် ဖျော်ဖြေမည် ဖြစ် ကြောင်း ပွဲစီစဉ်သူ ဦးရှမ်းမ က ပြောဆိုသည်။ လက်မှတ်ခ များကို ကျပ်တစ်သောင်း မှ ကျပ် သုံးသောင်း ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ၎င်း က ရှင်းပြသည်။

မြန်မာပြည်နှင့် နှစ်ပေါင်း ၄၀ ကြာ ဝေးကွာ နေသည့် တေးသံရှင် လားရှိုးသိန်းအောင် သည် ဒီဇင်ဘာ ၂၀ ရက် တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက် နေ့က MCC ကွင်းပြင် တွင် ကျင်းပ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။