/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 4, 2013

.

ပြည်ထောင်စု ၀န်ကြီးတွေ မီဒီယာတွေကို ဘာတွေ ပြောလဲ


ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို နေပြည်တော်ရှိ စက်မှုဝန်ကြီးရုံးတွင် ဖေဖေါ်ဝါရီ ၃ ရက် နေ့ နေ့လည် ၁ နာရီက စတင်ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ် ၁၈၅ သိန်းနှင့်သိန်း ၂၀၀ ကြားတွင်ရောင်းချမည်ဖြစ်ပြီး ၁၈ထပ်အမြင့်ရှိတိုက်များကြောင်းရန်ကုန်မြို့ဒဂုံဆိပ်ကမ်းတွင်အကောင် ထည်ဖော်နေသည့် တန်ဖိုးနည်းအိမ်ရာများအားလုံးပြီးစီးပါက အခန်းပေါင်း ၁၉၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း က သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောပါတယ်။

“ မြန်မာနိုင်ငံက တရုတ်ကိုကြွေးမြီဒေါ်လာသန်း ၃၃၀၀ကျော်ဆပ်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ၈၈ နောက်ပိုင်း ယူထားတဲ့ ကြွေးမြီဖြစ်တာကြောင့် လက်တလောမှာတော့ ဆပ်စရာမလိုသေးဘူး။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ နေ့လည် ၁ နာရီ တွင် နေပြည်တော်စက်မှု ၀န်ကြီးရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင်ပြောသွားတာပါ။

“ ၁၉၈၈ မတိုင်မီနဲ့ ၈၈နောက်ပိုင်းမှာပြည်ပအဖွဲ့အစည်းဖြစ်တဲ့ World Bank, ADB , Paris Club ကိုဆပ်ဖို့ အကြွေးမြီသန်း ၉၆၀၀ ကျော်ရှိနေပါတယ်။ ကျွန်တော်တို့၈၈နောက်ပိုင်းမှာ တရုတ်နိုင်ငံဆီက ကြွေးမြီ အများ ဆုံးယူထားရပါတယ်။” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က ထပ်ပြောတာပါ။

သတင်း
ဧရာဝတီ ဘလော့ဂ်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။