/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 18, 2013

.

ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှာ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် သင်္ဘောမဟုတ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ ပြောကြား



၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းတွင် နစ်မြုပ်ခဲ့ သည့် M.V Arita Bauxite သင်္ဘောမှာ မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားသည့် မြန်မာအလံ လွှင့်ထူထား သည့် သင်္ဘောတစ်စီး မဟုတ်ဘဲ မြန်မာသင်္ဘော သားများပါဝင် သည့်သင်္ဘောတစ်စီး သာဖြစ်နို င်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဖေဖော် ၀ါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ "M.V Arita Bauxite သင်္ဘောအမည်နဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံ တင်ထားတာ မရှိပါဘူး။ ပြီးတော့ ကျောက်မီးသွေး တင် သင်္ဘောလည်း မြန်မာနိုင်ငံမှာ မရှိပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပြီး မြန်မာအလံလွှင့်ထူပြေးဆွဲနေတဲ့ သင်္ဘောဆိုလို့ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက သင်္ဘောတွေပဲ ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

အဆိုပါ M.V Arita Bauxite သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများမှာ မြန်မာနိုင်ငံ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲတွင် မှတ်ပုံတင်ထားသည့် အေးဂျင့်ကုမ္ပဏီများမှ ထွက်ခွာသွားသူများ ဟုတ်၊ မဟုတ်အား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ (SECD) မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ပြောပါသည်။

"အခုမြုပ်သွားတဲ့ သင်္ဘောမှာပါတဲ့ မြန်မာသင်္ဘောသားတွေက SECD မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက ဟုတ်မဟုတ်ဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာ တရားဝင် မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီတွေက သင်္ဘောတက်သွားတဲ့သူတွေ ဖြစ်တယ်ဆိုရင်တော့ ဘယ်ကုမ္ပဏီက ဖြစ်တယ်ဆို တာ သတင်းထုတ်ပြန်ပေးသွားမှာပါ" ဟုSECD မှ ညွှန်ကြားရေးမှူး ဦးသောင်းကြိုင်က ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက်က ကျောက်မီးသွေးများ တင်ဆောင်လာသော M.V Arita Bauxite သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ ၁၄ ဦး ပျောက် ဆုံးပြီး အသက်ရှင်ကျန်ရစ်သူ သင်္ဘောသား ၉ ဦးအား တရုတ်နိုင်ငံမှ သင်္ဘောတစ်စီးက ကယ်တင်နိုင် ခဲ့သည်ဟု သိရသည်။

M.V Arita Bauxite သင်္ဘောတွင် သင်္ဘောသား ၂၄ ဦးပါဝင်ပြီး ယင်းသင်္ဘောသား အားလုံးမှာ မြန်မာနိုင်ငံ မှ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။

ဓာတ်ပုံ - M/V Arita Bauxite sank near Sual, leaving one person dead, two injured and 14 missing.

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။