/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 18, 2013

.

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့



ကချင်အရေးနှင့် ပတ်သက်၍ လွှတ်တော် အတွင်း ပြင်းပြင်း ထန်ထန်ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ထံသို့ ခြိမ်းခြောက်စာ တစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ေ ထာင် စု လွှတ်တော် နာယကထံသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာကို ဖေဖော်ဝါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေး ပို့သူ အမည်နာမည်ကို ကချင်ဘင်လာဒင် ဟု ရေးသားထားသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင် အ မျိုး သား တစ်ဦး အနေနဲ့ ရာသက်ပန်ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူအဖြစ် သတ်မှတ်ထား လိုက်တယ်။” ဟု ပါရှိကြောင်း လည်း သိရသည်။

Messenger

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။