/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, February 18, 2013

.

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်ကတ် ဖေဖော်ဝါရီ ၂၁ တွင် ထုတ်ယူနိုင်



မတ်လတွင် ကျင်းပမည့် ၂၀၁၂-၁၃ ပညာသင် နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက် ထားသော ကျောင်းသား ကျောင်းသူများ အတွက် မိမိတို့ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ် စဉ် ပါဝင်သော စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို ဖေဖော်ဝါရီလ တတိယ ပတ်မှ စတင် ထုတ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံ စာစစ် ဌာန ထုတ်ပြန်ချက် များအရ သိရသည်။

တစ်နိုင်ငံ လုံးရှိ နယ် စာစစ် ဌာန များတွင် ဖြေဆို ကြမည့် ကျောင်းသားများ အနေဖြင့် စာမေးပွဲ ဝင်ခွင့် ကတ်ပြား (Idenitity Card) များကို ဖေဖော်ဝါရီလ ၂၁ ရက်မှ စ၍ လည်းကောင်း၊ ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ ကျောင်းသား ကျောင်းသူများ အနေဖြင့် ဖေဖော် ဝါရီလ ၂၅ ရက်မှ စာမေးပွဲရက် မတိုင်မီ အထိ ထုတ်ယူရန် လိုအပ်ကြောင်း ယင်းဌာန က ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ယူရာ တွင် အခြေခံပညာ အထက်တန်း ကျောင်း၊ ကျောင်းခွဲ နှင့် တွဲဖက် အခြေခံ ပညာ အထက်တန်း ကျောင်းမှ ကျောင်းသားများ အနေဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များ ထံတွင် လည်းကောင်း၊ ပြင်ပ ဖြေဆို သူများ အနေဖြင့် မိမိတို့ ဖြေဆိုရမည့် စာစစ် ဌာန ကြီးကြပ် ရေးမှူး များထံမှ ထုတ်ယူ ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ထုတ်ယူ ရာတွင် အခက်အခဲ ရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး များနှင့် မြို့နယ် ပညာရေးမှူး များထံ စုံစမ်း မေးမြန်း နိုင်ကြောင်း ယင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

. www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။