/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 14, 2013

.

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေ အတွင်း ကျရောက်သည်ဟု ဆိုကာ တစ်လအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားထား

ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၉) ရှိ မွန်စုကျေးရွာ၊ ပွဲစားကြီးကုန်း ကျေးရွာနှင့် လာကမို့ ကျေးရွာများမှ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေအတွင်း ကျရောက်သည်ဟု ဆိုကာ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နောက်ဆုံး ထား ပြောင်းရွှေ့ပေးရန် လာရောက် အကြောင်း ကြား ထားကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက်ကလည်း အထည်ချုပ် စက်ရုံ တည်ဆောက်ရန် အတွက် အဆိုပါ ဒေသခံများမှ နေရာ ပြောင်းပေးရမှုများ ပြုလုပ်ခဲ့ရဖူးပြီး ဆုံးရှုံး နစ်နာမှု များစွာရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို စီမံကိန်း နယ်မြေအတွင်း ကျရောက်တယ်ဆိုပြီး လာဖယ်ခိုင်းတာ။ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးက ဦးဝေဇင်ထွန်း လက်မှတ်ထိုးထားတဲ့ စာကိုယူလာပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက ဒုဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က လာပြောတာ။ ကျွန်တော်တို့ ဒီနေရာမှာ နေလာတာက ကြာနေပြီ။ အနည်းဆုံးလူတောင် ၁၀ နှစ်ကျော်နေပြီး ပြောင်းပေးရမယ် ဆိုရင်လည်း နေစရာနေ ရာ ပြန်ပေးရင် တော်သေးတာပေါ့။ ကျွန်တော်တို့ကို ဖယ်ပေးရမယ် ဆိုတာပဲ လာပြောတာ ဖယ်ပေးပြီးရင် ဘယ်လို အခြေအနေ ပြန်ဖန်တီး ပေးမယ်ဆိုတဲ့ တိကျတဲ့ အဖြေမပေးဘဲ လာဖယ်ခိုင်းတာ။

ဒီကိစ္စကို နိုင်ငံတော် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ဆီကို အကြောင်းကြားစာ ပေးပို့ထားတယ်” ဟု မွန်စုကျေး ရွာမှ ဒေသခံ ကိုမောင်အေးက ပြောကြားပါသည်။

ဓာတ်ပုံ - ဖယ်ရှားပေးရမည့် နယ်မြေအတွင်းပါဝင်သော နေအိမ်တစ်လုံးကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။