/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 14, 2013

.

ကိုးရီးယားနိုင်ငံသို့ အမျိုးသမီးအလုပ်သမားစေလွှတ်ရန် ညှိုနှိုင်း



ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အမျိုးသမီးလုပ်သား စေလွှတ်ရန် နှစ်နိုင်ငံဝန်ကြီးဌာနညှိနှိုင်းလျှက်ရှိပြီး သဘောတူညီမှုရရှိပါက ပဉ္စမအကြိမ်လုပ်သား စေလွှတ်ရာတွင် ထည့်သွင်းစာချုပ်ချုပ်ဆိုသွားရန်ရှိကြောင်း အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖုံလုံရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ပြောသည်။"

အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အမျိုးသမီးအလုပ်သမားတွေခေါ်ယူရာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိတယ်။ တစ်ကြိမ်ခေါ်ရင် နှစ်ယောက် တစ်ပြိုင်တည်းခေါ်ရမယ်။ ဟိုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ငါးယောက်အထက်ရှိရမယ် စသဖြင့် ပေါ့။ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် အမျိုးသမီးအလုပ်သမားတွေကို ခွင့်ပြုသွားမှာပါ"ဟု ၄င်းကပြောသည်။

ထို့အပြင်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကလည်း"အခု ကိုးရီးယားကခေါ်နေတဲ့ အလုပ်ငန်းတွေက အသေးစား အလတ်စားဖြစ်တဲ့အတွက် အလုပ်သမားခေါ်ယူမှု မှာ အရေအတွက်ကန့်သတ်ချက်တွေ ရှိပါတယ်။ မိန်းခလေး အလုပ်သမားတွေ ကိုပို့ဖို့ဆိုရင် သူတို့ကို အိမ်မှာခေါ်မခိုင်းပါဘူးဆိုတဲ့ ၀န်ခံကတိမျိုး စာချုပ်မှာ ပါမှဖြစ်မယ် ။ဒါမှမဟုတ်ရင် သူတို့အတွက် လုံခြုံမှု မရှိနိုင်ဘူး " ဟုပြောသည်။

အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် မလေးရှား၊ စင်္ကာပူ၊ထိုင်းနိုင်ငံတို့တွင်သာ အမျိုးသမီး အလုပ်သမား များအား တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည် ဟုပြောကြားခဲ့ကြောင်းသိရှိရသည်။

Myanmar Daily News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။