/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 14, 2013

.

နိုင်ငံကြီးသားပြည်သူများ၊ ခရိုနီကိုဖော်ထုတ်ကြစို့

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး စနစ်ဟာ အပြောင်း အလဲ နှေးကွေးနေသည်ဟု ပြောနိုင်သော်လည်း ယခင် စစ်အစိုး ရနှင့်မတူ ပြောင်းလဲမှုရှိသည်မှာ သိသာထင်ရှား လှပေ သည်။ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးရန် ကြွေးကြော် ခဲ့ သည်မှာလည်း ယခုလက်ရှိ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မတိုင်မှီက စခဲ့ပေမဲ့ အဲဒီခေတ်ကာလ ဈေးကွက် စီးပွားရေးကို ခရိုနီများကသာ လွှမ်းမိုး ခဲ့ကြပါသည်။ ထိုခေတ် ကတည်းက ရှိခဲ့ သည့် ခရိုနိများသည် ယခုလက်ရှိ ဒီမို ကရေစီ အစိုးရသစ်လက်ထက်အထိ ကျန်ရှိနေသော်လည်း ထင် တိုင်းခြယ် လှယ်၍ မရတော့ပေ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများဝင်ရောက်လာပါက နိုင်ငံ တော်အစိုးရပိုင်း မှလည်း ပြတ်ပြတ်သား သားနှင့် ယခင်အစိုးရခေတ်များကဲ့သို့ ခရိုနီများအတွက် ထွက်ပေါက်မပေး အခွင့်အရေးမပေးသင့်ပါ။ လွတ်လပ် သောဈေးကွက်နှင့် အခွန်စည်းကြပ်မှုကို လည်း လျော့ချသင့်ပါသည်။

ယနေ့ မျက်မှောက်ခေတ်ကမ္ဘာတွင် စီးပွားရေးအင်အား ဒုတိယတောင့်တင်း ဆုံးနိုင်ငံဖြစ်သည့် တရုတ်သည် လွန်ခဲ့ သော ဆယ်စုနှစ်လွန်ကာလများအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျခဲ့သော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ယုံကြည် မှုအပြည့်ရှိရန် ပုံအောပြီး ရင်းနှီးမြှုပ်နှံမှု ပြုအောင် နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်ပြုရာ တွင် ပြတ်သားသောစီးပွားရေးမူဝါဒ ချမှတ်နိုင်ခဲ့ပြီး အခွန်စည်းကြပ်မှုကို လျော့ချသည်။ ပိုင်ဆိုင်မှုများကိုလည်း ပြတ်သားစွာ ကာကွယ်မှုပြုခဲ့သည်။

ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်း အောင်လုပ်ဆောင်ရာတွင်လည်း အစိုးရ ပိုင်းအနေဖြင့် အရေး ကြီးသလို ပြည်တွင်းရှိ စီးပွားရေးသမားများပေါ်တွင်လည်း အများကြီးမူတည်ပေသည်။ မိမိတိုင်း ပြည် စီးပွားရေးတိုးတက်အောင် နိုင်ငံ သားတိုင်းမှ အားထုတ်ကြိုးပမ်းမှသာ လျှင် အာဆီယံနိုင်ငံများဖြစ်သော ဗီ ယက်နမ်၊ စင်ကာပူ၊ နိုင်ငံများနှင့် ရင် ဘောင်တန်းနိုင်မှာဖြစ်ပေသည်။ ဒီမိုက ရေစီ အစိုးရသစ်ပေါ်ပေါက် လာသည်မှာလည်း သိပ်မကြာသေးသောကြောင့် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု မ၀င် ရောက်ခြင်းဖြစ်ပေ သည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် ပထမ အချက်သည် ခရိုနီများ၏အကျင့်စရိုက် များ ပျောက်ရမည်ဖြစ်သလို၊ ဒုတိယ အချက်အနေဖြင့် ၀န်ထမ်းများ၏ ဆောင် ရွက်မှုပုံစံပြောင်းရမည်ဖြစ်ပြီး ရုံးဌာနများ တွင်လည်း Computer. CCTV လုံခြုံ ရေးကင်မရာများ လုံလောက်စွာထားရှိ သင့်ပေသည်။

ယခင်ဆိုရှယ်လစ်ခေတ်မှစ၍ စစ် အစိုးရလက်ထက်အထိ ကျင့်သုံးခဲ့သော အောက်ခြေ၀န်ထမ်းများ၏ အကျင့်ပျက် ခြစားမှုရောဂါများအားလုံးကိုလည်း ပျောက်သွားအောင် ကုသရပေမည်။

အကျင့်ပျက်ရောဂါတစ်ခုသည် နာတာ ရှည်ရောဂါတစ်ခုဖြစ်ခဲ့သောကြောင့် ချက်ခြင်း အမြစ်ပြတ် သွားအောင် ကုသ နိုင်မှုတော့မရှိနိုင်။ တစ်ဖြည်းဖြည်းနှင့် ရောဂါကင်းပျောက်သွားအောင် ကုသရ ပေ လိမ့်မည်။ ပြည်သူများဘက်မှလည်း နိုင်ငံကြီး သားများကဲ့သို့ စည်းကမ်းရှိစွာနှင့် လာဘ် ပေးမှုများ မပြု သင့်ပေ။ လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ် ဆောင်နိုင်ရန်၊ အောင်မြင်နိုင်ရန် ၀န်ထမ်း များအတွင်း အကျင့်ပျက်အောင် လာဘ် ပေး၍ တစိုးလက်ဆောင်ပေး၍ မလုပ် သင့်ပေ။ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ပင်တိုင်းပြည်ကောင်းစားရေး အတွက် ရှေ့ရှုလျက်ဥပဒေပြုသော် လည်း ပြည်သူ များဘက်မှ ယခင်အစိုးရ လက်ထက်များကဲ့သို့အကျင့်ပျက်ဝန်ထမ်း နှင့် အကျင့်ပျက်စီးပွားရေးသမားများ ပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေ ပါက တိုင်းပြည်ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ပေါ်ထွန်း လာမည်မဟုတ်ဘဲ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီး မြင့်မှု၊ အလုပ်လက်မဲ့ဦးရေများလာပေ လိမ့် မည်။

သမ္မတကြီးဦးသိန်းစိန်ခေါင်း ဆောင်သော အရပ်သားအစိုးရလက် ထက်တွင် မော်တော်ကားများ အိုမင်း ဟောင်းနွမ်း၍ မော်ဒယ်နိမ့်ကားများကို မြို့တော်အင်္ဂါရပ်နှင့်အညီဖြစ်စေရန် အပ်နှံခွင့်ပေးခါစတွင် ကားပွဲစား ၀ယ်၊ ရောင်းဆိုသော စီးပွားရေးသမားများ သည် သတင်းကြိုတင်သိရှိခြင်းဆိုသည့် ခရိုနီ စရိုက်များနှင့် မသိနားမလည်သော ကြိုတင်သိရှိခြင်းမရှိသော မော်တော် ကားနှင့် အသက်မွေး ၀မ်းကြောင်းပြုနေ သောသူများကို တပတ်ရိုက်ကွက်ကျော် နည်းများနှင့် ကြိုတင်ဝယ်ယူလျက် သိန်း ငါးဆယ်နှင့် ပေးဝယ်သောကားများကို သိန်း ၁၀၀ ကျော်အထိ ပါမစ်ဈေးတင် ကာ အမြတ် ထုတ်ခဲ့ကြ သည်ကို ရန်ကုန် မြို့အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းလုံး ဖြစ်သွားခဲ့သည်။

သို့သော် သိပ်မကြာခင်မှာတင် နိုင်ငံတော်အစိုးရမှ မည်သူမဆို ၂၀၀၇ မော်ဒယ်အထက် မော်တော်ကား တင် သွင်းခွင့်ပြုသော အမိန့်ထုတ်ပြန်လိုက် သောအခါ ပထမအမြတ်ထုတ်၍ ထပ် မြတ်လေမည်လားဟု ကားများလှောင် ထားသောသူများ အရှုံးပေါ်သောအခါ ဂျာနယ်သတင်းသမားအစစ်မဟုတ်သည့် အသပြာငွေနှင့် စတုတ္ထမဏ္ဍိုင်လွတ်လပ် ခွင့်ရှိလာသော ခေတ်တွင် ခရိုနီအသေး စား ကားပွဲစား ၀ယ်၊ ရောင်းများ၏ သတင်းမှားတွေကို ဂျာနယ်ရောင်းကုန် အောင်ရေးလာကြသည်။ ထိုကဲ့သို့ က လောင်ရှင်မျိုးများလည်း သတင်းသမား မဖြစ်သင့်ပါ။ ရေးသားတင်ပြရမည်ဆို လျှင် ရေး၍ ကုန်မည် မဟုတ်ပါ။ တစ်ဦး တစ်ယောက်ချင်းစီ၏ နိုင်ငံချင်းစီစစ်၊ တိုင်းပြည်ချစ်စိတ်နှင့် အများကောင်းကျိုး ရှေးရှု လျက် လုပ်ဆောင်မှသာလျှင် နောင် အနာဂတ်နှစ်အနည်းငယ်အတွင်း အာရှ ကျားဟုခေါ်တွင်နိုင် သည့် မြန်မာ့စီးပွား ရေး ဦးမော့လာပြီး ပြည်သူများ၏ဘ၀ အဆင့်အတန်း မြင့်လာမည်မှာ မလွဲဧ ကန် မုချဖြစ်ပေလိမ့်မည်။

ယခုမျက်မှောက်တွင် အရပ်သား အစိုးရပြောင်းပြီး ဒီမိုကရေစီကျကျ အုပ် ချုပ်မှုစတင်ချိန်တွင်လည်း ကြားရသည့် သတင်းများအရ အမြဲမပြတ် ဆန္ဒပြမှု တွေ အသနားခံတင်ပြမှုများ၊ ပါတီ အကွဲ အပြဲ ဇာတ်လမ်းModel ပုံစံ အချိုးကျကျ ဖြစ်ပေါ်လာမှုများသည်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့် အတားဖြစ်စေ ပေမည်။ မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုမဆို တိုင်းပြည်နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု၊ အခွန်ဥပဒေ၊ နိုင်ငံ၏ သယံ ဇာတ၊ နိုင်ငံသားများ၏အရည်အချင်း၊ စိတ်ဓာတ်၊ တရားဥပဒေစိုးမိုးမှု၊ လျှပ်စစ် မီးအကြောင်းအရာများကို အဖက်ဖက်မှ စဉ်းစားပြီး တွက်ချက်မှသာ လာရောက် မြှုပ်နှံကြမည်ဖြစ်ပေသည်။

ထို့ကြောင့် အမိမြန်မာနိုင်ငံတော် ကြီး ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက် မှုဖြစ်လာစေရန်အတွက် ခရိုနီများကင်း စင်အောင် အစိုးရနှင့်ပြည်သူ ဟန်ချက် ညီညီ ကြိုးပမ်းလျက် တရားဥပဒေစိုးမိုး မှု၊ စည်းကမ်း ရှိမှုနှင့် ကမ္ဘာတွင် မြန်မာ ပြည်သည် နိုင်ငံကြီးသားပြည်သူများသာ နေထိုင်ကြကြောင်း ကမ္ဘာ သိအောင် ပြကြပါစို့။

http://www.hotnewsweekly.com/archives/17140

1 comment:

  1. လုံး ၀ ကို ထောက် ခံ ပါ တယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။