/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 14, 2013

.

ခရိုနီများ၏ အလှူငွေကြောင့် ကျောင်းသား ၅၄ ဦးကို ပညာသင်ဆုရရှိ သဖြင့် တနိုင်ငံလုံး သာဓုခေါ်သင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲ မှ ဒေါ်အောင်ဆန်း စုကြည်၏ လက်ရက်ဆွယ်တာနှစ်ထည်လေ လံရောင်းရငွေ ကျပ်သိန်းတစ်ထောင်ကျော်ကို မတည်၍ တိုးပွားငွေဖြင့် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းများမှ ကျောင်း သား ၅၄ ဦးကို ပညာသင်ဆု ချီးမြှင့်သွား မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် တက္ကသိုလ်ဝင်တန်းသင် ပညာဒါန ကျောင်းများသို့ အလှူငွေ ပေးအပ်ပွဲနှင့် ပထမအကြိမ် ပညာသင် ထောက်ပံကြေး ပေးအပ်ပွဲ အခမ်းအနားတွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ လေးဦးကျစီဖြင့် စုစုပေါင်း ၅၄ ဦးကို ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပညာသင်ဆု ပေးအပ်ရာတွင် တိုင်းနှင့်ပြည်နယ် တစ်ခုစီ၌ မူလတန်းတစ်ဦး၊ အလယ်တန်းတစ်ဦး၊ အထက်တန်းတစ်ဦးနှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးစီ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုအား လစဉ်ချီးမြှင့်သွားမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားတစ်ဦးလျှင် တစ်လတစ်သောင်းကျပ်စီ၊ အထက်တန်းကျောင်းသားတစ်ဦး သုံးသောင်းကျပ်နှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးလျှင် ၅ သောင်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု ရွေးချယ်ရာတွင် လျှောက်ထားသူသည် ကျောင်း သို့မဟုတ် တက္ကသိုလ်တွင် တက်ရောက် ဆဲဖြစ်ပြီး ပညာကြိုးစားသင်ယူနေသူ၊ ငွေကြေးအခြေအနေကြောင့် ပညာသင်ယူရန် အခက်အခဲ ကြုံတွေ့နေသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ပညာဒါန ကျောင်းနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တို့တွင် ရယူနိုင်သည်။

ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာ ကျောင်း သို့မဟုတ် တက္ကသိုလ်မှ ထောက်ခံစာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ပညာရေးကွန်ရက်၊ ပညာဒါနကျောင်း တို့မှ ထောက်ခံစာများ ပါရမည်ဖြစ်ကြောင်း သိရသည်။

Photo: Eleven Media Group

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။