NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး ခြိမ်းခြောက်စော်ကားပြောဆိုမှုများကြောင့် အစည်းအဝေးပျက် သွားကြောင်းသိရှိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးအတွက် အစည်း အဝေးပြုလုပ်ရခြင်းသာဖြစ်ပြီး အခုလို NLD ပါတီဝင်တစ်ဦးမှပါတီ နာမည်ဖြင့် ခြိမ်းခြောက်ပြောဆိုမှု များ စော်ကားပြောဆိုမှုများကို မီးသတ်တပ်ဖွဲ့ဝင်များမှ မကျေနပ်ကြသဖြင့် စိုးငယ် (ခ) ရန်နိုင်စိုး အား ထိရောက်သော အရေးယူမှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးသို့ တရားဝင် စာများ ပို့ကာ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။
စိုးငယ် (ခ) ရန်နိုင်စိုး (၃၇)နှစ် (ဘ) ဦးခင်ဝင်း သည် NLD ပါတီ ရှမ်းချောင်းဝန်ထမ်း ရပ်ကွက် အလုပ် အမှုဆောင်အဖွဲ့ တစ်ဦး ဖြစ်ပြီးမြို့ နယ် ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။