/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 10, 2013

.

လကန်ဘွမ်တွင် တိုက်ပွဲပြင်းထန်

Wednesday, January 09, 2013

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ကေအိုင်အေ တပ်ရင်း (၂၄)   ဒေသဖြစ်သော ဖွန်းပျန်ဘွမ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ (၃) ရက်ကျော်လာပြီဖြစ်ကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်မှ ဇန်န၀ါရီ (၈) ရက်နေ့တွင် ဖွန်းပျန်ဘွမ်သို့ မြေပြင်မှ စစ်အင်းအား အများ အပြားဖြင့် ထိုးစစ်ဆင်ရုံသာမက ဝေဟင်မှ လည်း စစ်တိုက်လေယာဉ် (၅) စီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် ကေအိုင်အေ တပ်ရင်း (၂၄) ၏ ရှေ့တန်းစခန်းဖြစ်သော လကန်ဘွမ်ပိုစ့်ကို လက်လွှတ်လိုက်ရကြောင်း သိရှိရပါသည်။ ဇန်န၀ါရီ (၉) ရက်နေ့တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ လကန်ဘွမ်ပိုစ့်ကို ပြန်ရရေးအတွက် အပြင်းအထန်ထိုးစစ် ဆင်တိုက်ခိုက်ရာ ယခုအခါ လကန်ဘွမ်တွင် ရောက်ရှိနေသော ဗမာအစိုးရ စစ်တပ်များ ပိတ်မိနေပြီဖြစ်ကြောင်း၊ မြေပြင်မှ အစိုးရ စစ်တပ်များ (၅) ကြိမ်တိုင် ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကေအိုင်အေမျိုးချစ်ရဲဘော်များကို မထိုးဖောက်နိုင်သောကြောင့် တပ်ဆုတ်သွားကြောင်း သိရှိရပါသည်။

(jinghpawkasa)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။