မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ ည၈ နာရီ သတင်း အစီအစဉ်များ ထုတ်လွှင့်ချိန် ကြာမြင့်မှု ကို ပြုပြင် သင့်ကြောင်း ပြည်သူများက အကြံပြုခဲ့သဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေသည့် အတွက် ပြည်သူ့ ဗဟိုပြု မူဝါဒများကို စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။
နံနက်၇နာရီတွင်တစ်ကြိမ် သတင်းထုတ်လွှင့်သဖြင့် တစ်ရက်လျှင် ၅ကြိမ် သတင်းထုတ်လွှင့်မည်ဖြစ်ပြီး ညနေ ၇ နာရီဝန်းကျင် သတင်းထုတ်လွှင့်မှု့တွင် လွှတ်တော်အစည်းအဝေးမှ သတင်းများကို ထုတ်လွှင့်မည်ဟု ယနေ့ညပိုင်း သတင်းများတွင် ကြေညာသွားသည်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။