/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 10, 2013

.

Firefox 18 ထွက်ရှိ


အရင် Firefox Version များနှင့်မတူဘဲ အသစ်အသစ်သော upgraded လုပ်ထားသည့် Browser တစ်ခုအဖြစ် Firefox 18 ထွက်ရှိလာပါပြီ။ Firefox 18 က Browsing Speed ကို ပို၍ မြန်ဆန်စေပြီး အရင် Version များနှင့် ကွာခြားသည့် Feature အသစ်များစွာ ပါရှိလာပါသည်။

ထူးခြားတာ တစ်ခုကတော့ Firefox ရဲ့ JavaScript Engine ကို အသစ်ပြောင်း လဲလိုက်ခြင်းပဲဖြစ်ပါတယ်။ IonMonkey လို အမည်ရတဲ့ Compiler က JavaScript ရဲ့ Performance ကို သိသိသာသာ ပြောင်းလဲစေပါတယ်။ Mac user များအတွက်တော့ Firefox 18 က Retina Support Feature ကိုပါ ထည့်ပေးထားပါတယ်လို့ Mozilla ကပြောကြားလာပါတယ်။

သာမာန် Screen များထက် သုံးဆ (သို့) လေးဆပို၍ ကြည်ကြည်လင်လင် မြင်သာလာမှာပါ။ ထို့အပြင် Andriod အတွက်လည်း Mozilla က Mobile Version ကို Upgrade လုပ်ပေးလိုက်ပါပြီ။ Mobile Version တွင် Anti-Malware/ Anti-Phishing Filter များကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဘက်စုံက Upgrade လုပ်ထားတဲ့ Mozilla Firefox က Google Chrome, Internet Explorer တို့နှင့် ဘယ်လိုပြိုင်ဆိုင်မယ်ဆိုတာကတော့ အသုံးပြုပြီး ခန့်မှန်းကြည့်ရအောင်ဗျို့။

Download ဆွဲချင်ရင်တော့...

http://www.mozilla.org/en-US/

မှာသွားရောက် ရယူနိုင်ပါတယ်။

REF : Techspot

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။