/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 10, 2013

.

အင်တာနက်မြန်နှုန်း ၆ လအတွင်း ပိုကောင်းမည်ဟု ဆို

လာမည့် ခြောက်လအတွင်း အင်တာနက်မြန်နှုန်းများ ယခုထက် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ ”အခုလည်း မြန်ပါတယ်။ ဒါပေမဲ့ SE-ME-WE-5 ချိတ်ဆက် ပြီးတာနဲ့ ပိုမြန်လာဦးမှာပါ။ အခု SE-ME-WE-5 ချိတ်ဆက်ဖို့ လာမယ့် ဒုတိယပတ် ၉ ရက်လောက်မှာ ဆွေးနွေးဖို့ ရှိတယ်။ ပြီးရင် စတင် ချိတ်ဆက်သွားတော့မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင် နီယာချုပ်တစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြောင်း စတင် ချိတ်ဆက် သွယ်တန်းဖြစ်ပါက မူဆယ်မှ ချောင်းသာကမ်းခြေအထိ သွယ်တန်းသွားမည်ဖြစ်ပြီး ချိတ်ဆက်သွယ်တန်းမှုကို ငါးလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

”သွယ်တန်းတဲ့ အပိုင်းမှာ ကျွန်တော်တို့ဘက်က ခွင့်ပြုမိန့်တွေ၊ လျှပ်စစ်မီးတွေ ရရှိအောင် ဆောင် ရွက်ပေးရမှာပါ။ ဒါ့အပြင် စက်ထားဖို့မြေနေရာက အစရှာဖွေပေးရမှာပါ။ ဒါတွေ လုပ်ဆောင်ပြီးရင်တော့ သွယ်တန်းတာ ပိုပြီး မြန်ဆန်သွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် SE-ME-WE-5 ဆက်ကြောင်းကို China Unicon နှင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာ အပါအဝင် ယင်းဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သွယ်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်ကြောင်း သွယ်တန်းမှု ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သန်း ၃ဝ နှင့် သန်း ၄ဝ ကြား သုံးစွဲသွားမည် ဖြစ်ကြောင်း လက်ရှိ ချိတ်ဆက်သွယ်တန်းထားသည့် SE-ME-WE-3 ဆက်ကြောင်း သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ဆက်ကြောင်းသစ် ထပ်မံချိတ်ဆက်ရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် မြန်နှုန်းမှာ ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက်မြန်နှုန်းအတွက် လျော်ကြေးပြန်ပေး မည်အထိ အာမခံချက် ပေးထားကြောင်း သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။