သြစတြေးလျနိုင်ငံကိုထွက်ခွာသွားတာ ၄နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့တေးသံရှင် ဂရေဟမ်တို့ မိသားစုမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူတို့ရဲ့စိတ်ကူး ရည်မှန်းချက်တွေ အတွက်နိုင်ငံခြားကို ထွက်ခွာသွားခဲ့ကြပေမယ့် ရည်မှန်းချက်ပြည့်စုံ လာတဲ့အချိန်မှာတော့ အမိမြန်မာပြည်မှာပဲ ပြန်လည် အခြေချနေထိုင်တော့မယ်လို သိရပါတယ်။ ဒါကြောင့်တေးသံရှင် ဂရေဟမ် ကု
ိ မြန်မာနိုင်ငံကိုပြန်လည်နေထိုင်ဖြစ်တော့မယ အကြောင်းကိုတော့မေးတော့..
"နိုင်ငံခြားသွားတဲ့ ၄နှစ်မှာ နှစ်တိုင်း ပြန်လာဖြစ်ပါတယ်။ ဒီတစ်ခေါက်ကတော့ တစ်နှစ်ခွဲလောက်ကွာသွားတယ်။ အရင်နှစ်က ဆစ်ဒနီမှာ မြန်မာ သင်္ကြန်ကိုသီချင်းသွား ဆိုတယ်။ မိသားစုလိုက်သွားတာပေါ့။ မနှစ်က ကျတော့လည်းမဲဘုန်းမှာ သင်္ကြန်ကို မိသားစုလိုက်သွားတယ်။ အဲဒါနဲ့ပြန်မရောက် တာ တစ်နှစ်ခွဲလောက်ရှိသွားပြီပေါ့။ အခုက တော့မြူးဇစ်ကျောင်းကလည်းကျောင်းပြီး သွားပြီဆိုတော့ ပြန်လာတာပါ။ စသွားကတည်း ကတော့တစ်သက်လုံးနေမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့မရှိပါဘူး။ Plan ကတော့ရှိတာပေါ့နော်။ သွားပြီး ကလေးတွေကျောင်းထားရင်းနဲ့ မြူးဇစ်ကျောင်းကိုတက်ဖြစ်သွား တယ်။ တက်ဖြစ်သွားတော့ပြီးဆုံးအောင် လုပ်ရတာပေါ့နော်။ ပြီးရင်ပြန်မယ်ဆိုတာ ကတော့နဂို ကတည်းက ဆုံးဖြတ်ပြီးသားပါ။ အခုက ရည်မှန်းထားတဲ့အတိုင်းကျောင်းပြီး သွားတဲ့အချိန်မှာ ပြန်လာခဲ့တာပါ။ ဟိုမှာ အဓိကအနေနဲ့ အဆိုနဲ့ဒရမ်ကို ကျွန်တော် သေသေချာချာလုပ်ဖြစ်ခဲ့တယ်။
ဒီမှာ သင်တန်းပြန်ဖွင့်ဖို့ဆိုရင်တော့အချိန် တော်တော် ယူရဦးမယ်။ ကိုယ်တစ်ယောက်တည်းလုပ်လို့ လည်း မပြီးဘူး။ သင်ရိုးညွှန်းတမ်းတွေဆွဲဖို့ အများကြီးရှိတယ်။ ဒီမှာလည်းတော်တော် လေးတော့ တိုးတက်နေပါပြီ။ သွားဖြစ်တာ ကလည်းအရင်တုန်းကအစ်ကိုကကိုယ်ပိုင် အခွေတွေပရိုဂျူဆာလုပ်ခဲ့တယ်။ ၇ခွေ လောက်ရှိတယ်။ ခိုးကူးခွေတွေနှိပ်စက်တာ လည်းတစ်ခုအပါအဝင်ပေါ့။ လုပ်သမျှအခွေ တွေမြတ်ဖို့ သိပ်မလွယ်တော့ဘူး။ အရင်းရဖို့ တောင် မနည်းပြန်Produce လုပ်နေရတဲ့ အချိန်ပေါ့။ သွားဖြစ်တဲ့အထဲမှာ အဲဒါလည်း တစ်ခုအပါအဝင်ပေါ့။ Produce လုပ်လို့ မကောင်းတော့တာရယ်၊ကလေးတွေပညာ ရေးကလည်းတစ်မျိုးပေါ့။ အဲဒါကြောင့် တစ်ခုခုအပြောင်းအလဲလုပ်ကြည့်တဲ့သဘော နဲ့ သွားဖြစ်ခဲ့တာ ပါ။ နိုင်ငံခြားအတွေ့အကြုံတော့ အများကြီးရခဲ့ပါတယ်။
သွားတဲ့ပုံသဏ္ဌာန်က အမျိုးမျိုးရှိကြတယ်။ ဘယ်လိုအနေအထားနဲ့ဟိုဘက်ကို သွားသလဲ။ အကောင်းအဆိုးပြန်ယှဉ်တဲ့အခါ ဘယ်ဟာကပိုပြီးတော့ ကိုယ့်အတွက် အဆင်ပြေသလဲဆို တာကိုချိန်ဖို့ လိုတယ်။ အသက်၂ဝ၊ ၂၅ နောက်ပိုင်းသွားတဲ့ သူတွေဟာ သူတို့ကဘယ်လောက်ကြီးပဲ တိုးတက်နေပါစေ သူတို့ ကမြန်မာပြည်ကို လွမ်းတဲ့စိတ်ရှိကြတယ်။ ခပ်ငယ်ငယ်က သွားတဲ့သူတွေကျတော့ နိုင်ငံခြား ဓလေ့ထဲမှာ ပျော်ဝင် သွားပြီးပြန်လာတဲ့အခါကလေး တွေက စိတ်ညစ်တာမျိုးရှိကြ တယ်။
သမီးငယ်ဆိုရင်ငယ်ငယ်ကတည်းက သွားတဲ့အတွက်သူ့အတွေးအခေါ်လေးတွေက နည်းနည်းဘိုဆန်တာမျိုး ရှိတယ်။ မေးခွန်းသိပ်ထုတ်တယ်။ သူတို့ကမေးခွန်း ထုတ်အောင်လည်းဖွင့်ပေးထားတာလေ"လို့ ပြောပါတယ်။ ပြန်ရောက်တဲ့အချိန်မှာ အနုပညာနဲ့ပတ်သက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်းတွေကိုတော့ဂရေဟမ်က... "အခုပြန်လာတဲ့အချိန်မှာ တစ်ကိုယ် တော်ရှိုးလုပ်ဖို့တော့ပြင် ဆင်နေပါတယ်။ ဒိတ်လည်းမသိသေးပါဘူး။ စကားပြောနေ တုန်းပေါ့။ အဲဒါလေးအရင်လုပ်မယ်။ ပြီးတော့ အခွေလည်းလုပ်ဖြစ်ပါလိမ့်မယ်။ ဈေးကွက်ကို ပြန်လေ့လာကြည့်တော့လည်း အရင် ကထက်စာရင် နည်းနည်းတော့ တက်လာပါတယ်။ ဒါပေမဲ့ တအားကြီး အားရလောက်အောင် မရှိသေးပါဘူး။ ဒါပေမဲ့ အခွေကတော့ လုပ်ကိုလုပ်ဖြစ်မှာပါ။ ဒီနောက်ပိုင်းကတော့ သွားလိုက်၊လာလိုက် ရှိနေမှာဆိုပေမယ့်ဒီဘက်မြန် မာနိုင်ငံမှာပဲ များများနေဖြစ်မှာပါ။
သမီးကြီးကyear(11)ရောက်သွားပြီလေ။ သူကဒီမှာ ဆက်သင်လို့သိပ်ပြီးတော့ Match မဖြစ်တော့ဘူး။ Year (12) ပြီးရင် သူက တက္ကသိုလ်သွားရတော့မယ်ဆိုတော့လေ။ အဲဒါကြောင့်သွားလိုက်၊လာလိုက်တော့ ရှိနေမှာပါ။ ဒါပေမဲ့ဒီမှာတော့များများနေဖြစ်မှာပါ။ အခုပြန်ရောက်တဲ့အချိန်မှာတော့ ဈေးကွက်ကိုလည်းပြန်လေ့လာနေတာပေါ့။ အဆိုတော်တွေလည်း အများကြီးထွက်တယ်။ ဒါပေမဲ့ ကိုယ့်လိုင်းနဲ့ကိုယ်၊ကိုယ့်ပရိသတ် နဲ့ကိုယ်ပုံမှန်လေးသွားဖို့ရှိကြပါတယ်" လို့ ပြောပါတယ်။
credit to-Popular Journal
ဒီကပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။