/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 11, 2012

.

3G စနစ် ပါသည့် မိုဘိုင်းဖုန်းများ မကြာခင် ဈေးကွက်တွင်း ရောက်မည်


၂ဝ၁၃ ခုနှစ် ဧပြီလတွင် ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် 3G စနစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''3G စနစ်ကို တိုးချဲ့လုပ်ဆောင်နေတဲ့ အတွက် လာမယ့်နှစ်မှာ မြို့ကြီးတွေအားလုံ3းGစနစ်ကို သုံးခွင့်ရမှာပါ။''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

3Gစနစ်တိုးချဲ့ရေး စီမံကိန်းတစ်ရပ်တွင် ပြည်ပကုမ္ပဏီ ၃ ခု ဖြစ်သည့် Huawei, ZTE, Alcaten-LucentShanghai Bell ကုမ္ပဏီများနှင့် ပူးပေါင်း၍ မိုဘိုင်း ဖုန်းများအား ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ 3G ဖုန်းများ ရောင်းချပေးရာတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစသည့် မြို့ကြီးများကိုသာ ဦးစားပေးရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ယခင်က 2G ဖြင့် လျှောက်ထားအသုံးပြုနေသော မိုဘိုင်းဖုန်းများအား 3G အင်တာနက် ပြောင်းလဲ အသုံးပြု၍ ရမည်မဟုတ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဆက်လက်ပြောသည်။

3G ကွန်ရက်များကို မြို့ကြီးများတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။ 3G ကွန်ရက်များချထားပေးရာ၌ GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးလုံး ပါဝင်မည် ဖြစ်သည်။

''အခုလုပ်တဲ့ စီမံကိန်းတွေက စပြီး 3G စနစ်ကိုပဲ လုပ်တော့မှာပါ။ ဒီစနစ်ကမှတစ်ဆင့် 4Gစနစ်ကို ဆက်လက် လုပ်ကိုင်မှာဖြစ်တဲ့ အတွက် နောက်ပိုင်းမိုဘိုင်းဖုန်း အားလုံး 3Gကွန်ရက်ကို အသုံးပြုကြရမှာပါ''ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ 2Gစနစ်ကို အခြေခံထားသည့် ရေဒီယို စခန်းပေါင်း တစ်ထောင့်သုံးရာရှိပြီး၊ ရေဒီိယို စခန်းပေါင်း နှစ်ရာ့သုံးဆယ်ခန့်သာရှိသည့် 3G စနစ်ကို အဓိက ဖော်ဆောင်သွားမည်ဖြစ်ေ ကြာင်းသိရသည်။

သို့သော် 3G အဆင့် အင်တာနက် အသုံးပြုမည်ဆိုပါက အသုံးပြုသော ဟန်းဆက်သည် 3G ပါဝင်သော ဟန်းဆက်ဖြစ်ရန် လိုအပ်ပြီး 2G သာ ပါဝင်သော ဟန်းဆက်ဖြစ်ပါက 2G သာ အသုံးပြုရမည်ဖြစ်ကြောင်း သိရှိရသည်။

“3Gစနစ်တိုးချဲ့မယ်လို့ ကြားတော့ ခုနောက်ပိုင်းမှာ 3G စနစ် ပါတဲ့ ဖုန်းတွေကို မေးပြီးဝယ်ကြတာများတယ်၊ 2G စနစ် တုန်းကတောင်မှ အခုနောက်ပိုင်း လူတွေတော်တော်များများက ဖုန်းကို မော်ဒယ်မြင့်တာတွေ ရွေးကိုင်လာကြတယ်လေ။ အခု 3Gအတွက်ဆိုတော့ နောက်ပိုင်း မော်ဒယ်မြင့် ဟန်းဆက်တွေ အရောင်းသွက်လာမယ်လို့ ထင်တယ် ” ဟု မင်္ဂလာဈေးရှိ ဖုန်းအရောင်းဆိုင်မှ မသူဇာက ပြောသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။