/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 31, 2012

.

ယနေ့မြန်မာများ အလွန်အထင်ကြီး အားကိုးသော အမေရိကန် သံအမတ်ကြီးလင်မယား သီတင်းကျွတ်လပြည့်သော်လည်း ဗုဒ္ဓဘာသာသို့ မကူးပြောင်းလာ


ဗုဒ္ဓသာသာသို့ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သံရုံးဝန်ထမ်းများကို ပြောဆို လိုက်သည်။

သူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးစလုံး လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာသို့ တရားဝင် ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း သတင်းထွက်ပေါ်ပြီး ရက်သတ္တအနည်းငယ်အကြာ ထိုသို့ ထုတ်ဖော်ပြောဆိုကြောင်း သံရုံး၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

“တစ်ချိန်တည်းမှာပဲ ကျွန်တော့ ဇနီးက ဗုဒ္ဓဘာသာကို အရမ်းကို စိတ်ဝင်စားမှုရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို အချိန်အများကြီးပေးပြီး လေ့လာပါတယ်”ဟု ဒဲရစ်မစ်ချယ်က ပြောဆိုခဲ့သည်။

မိရိုးဖလာ ဂျူး ဘာသာဝင်တစ်ဦးဖြစ်ရသည်ကို ဂုဏ်ယူကြောင်း သံအမတ်က ပြောဆိုခဲ့သည်။ ဒဲရစ်မစ်ချယ်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။