မြန်မာနိုင်ငံသားတစ်ဦးနှင့် စင်ကာပူနိုင်ငံသား တစ်ဦးတို့ ပူးပေါင်းဖန်တီးထားသည့် webberfly အမှတ်တံဆိပ် မိုဘိုင်းဟန်းဆက်နှင့် Mobile Computing Devices များအား မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆို ပါ webberfly Brand အား မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ ရော်ဘင်သန့် (Robin Thant)နှင့် စင်ကာပူနိုင်ငံသား Kean Tan တို့မှ ၂၀၁၂ ခုနှစ် အစောပိုင်းတွင်ပူးပေါင်း၍ Synergs Group ကုမ္ပဏီအား ပူး ပေါင်းတည်ထောင်ပြီး ယင်းအမှတ်တံဆိပ်အား ဖန်တီးထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ဒီ webberfly Brand ကို ၂၀၁၂ ထဲမှာ စစီစဉ်ခဲ့တာပါ။ အခုက မြန်မာနိုင်ငံမှာ အရင်မိတ်ဆက်ပြီး တရားဝင်ဖြန့်တာကတော့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ဖြန့်မှာပါ။စင်ကာပူနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ မှတ်ပုံတင်ထားပါတယ်။ နိုင်ငံတ ကာကိုဖြန့်တာကတော့ လာမယ့်နှစ်ရောက်မှ စဖြန့်ပါမယ်''ဟု Synergs Group Pte Ltd မှ Co-Founder & Chief Operation Officer ကိုရော်ဘင်သန့် ကပြောကြားသည်။
''webberfly Four ကို မြန်မာပြည်မှာ တရားဝင်ဖြန့်ရတဲ့အတွက် ကျေနပ်ဖို့ကောင်းပါတယ်။ စမတ်ဖုန်းတစ်လုံးကို ကွာလတီကောင်းကောင်းနဲ့ ပေးရတဲ့ငွေကြေးနဲ့ ထိုက်တန်အောင် ထုတ်လုပ်ထားပါတယ်'' ဟု Synergs Group Pte Ltd မှ Co-Founder & Chief Financial Officer ဖြစ်သူ Mr.Kean Tan က ပြောကြားသည်။
အဆိုပါ webberfly Brand အား ပြည်တွင်း၌ တရားဝင်စတင်မိတ်ဆက်ခြင်းအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် webberfly FOUR touchscreen စမတ်ဖုန်းအား မိတ်ဆက်ပြသခဲ့သည်။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။