/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 31, 2012

.

ဗြိတိန်တွင် 4G network စတင်အသုံးပြုနိုင်


ဗြိတိန်နိုင်ငံတစ်ဝန်းရှိ မြို့ ၁၁ မြို့တွင် 4G network ကို အင်္ဂါနေ့ (အောက်တိုဘာ ၃၀ ရက်) က စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ Orange နှင့် T-Mobile မိုဘိုင်းကွန်ရက်တို့ကို ပိုင်ဆိုင်သော EE ဆက်သွယ်ရေးကုမ္ပဏီ၏ 4G network ကို London, Bristol, Birmingham, Cardiff, Leeds, Sheffield, Edinburgh, Glasgow, Liverpool, Southampton နှင့် Manchester မြို့များတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

EE က ဝန်ဆောင်မှုပေးသည့် 4G network မှာ မိုဘိုင်အသုံးအဆောင်များတွင် လက်ရှိ အသုံးပြုနေသော 3G network ထက် ၅ ဆ ပိုမိုမြန်ဆန်မည်ဖြစ်ကြောင်း သိရသည်။ EE ၏ 4G network ကို Apple iPhone 5၊ HTC၊ Samsung၊ Nokia နှင့် Huawei ဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။



http://www.planet.com.mm/news/read.cfm/id/20215

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။