/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 19, 2012

.

မြေကမ္ဘာပေါ်ရှိ သုခဘုံသို့သွားရအောင်


အိန်္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လဒိုက်ကျွန်းစုသည်“မြေကမ္ဘာ ပေါ်ရှိသုခဘုံ”ဟုတင်စားရလောက် အောင်ပင်လယ်ရေအောက်ရှိ တောင်တန်းများ၏ ထိပ်ပေါ်တွင် တည်ရှိပြီး ရှုမငြီးဖွယ်သဘာဝမြင် ကွင်းများနှင့် သာယာလှပဆုံး ပင်လယ်အပန်းဖြေကျွန်းငယ်လေး များ စုစည်းတည်ရှိရာနေရာဖြစ် သည်။

အပန်းဖြေကျွန်းများစွာတည် ရှိသော မော်လဒိုက်ကျွန်းစုများထဲ Kihavah Huravalhi ကျွန်းပေါ် ရှိ Anatara Kihavah Villas အပန်း ဖြေစခန်းသည် မော်လဒိုက်နိုင်ငံ မြို့တော် Male ၏ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပင်လယ်ယာဉ်ပျံ (seaplane) ဖြင့် ၃၅ မိနစ်ခန့်သွား ရသော အကွာအဝေးတွင် တည်ရှိ ပြီး ပင်လယ်ပြင်အတွင်းမှ အိုအေစစ် တစ်ခုပင်ဖြစ်သည်။ မော်လဒိုက်ကျွန်းစုတွင်ရေကူး ကန်ငယ်များ၊ ပြင်ပရေပန်းနှင့် ရေချိုးကန်များ၊ လှပကျယ်ပြန့် သော ရှုခင်းများဖြင့် နေပူစာလှုံ ရာနေရာစသည်တို့ပါဝင်သော ဇိမ်ခံဘန်ဂလိုများအပြင်တောတွင်း သဘာဝအလှပြင် အပန်းဖြေခန်း၊ ပင်လယ်ရေအောက်စားသောက် ခန်းမစသည်တို့အပြင် သဘာဝ အလှအပများကို ခံစားရင်းဘ၀ တစ်သက်တာအမှတ်ရဖွယ်ခန့် ညားထည်ဝါသော အပန်းဖြေခရီး စဉ်ကို ပိုင်ဆိုင်နိုင်မည်ဟုဆိုသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။