OIC ကို ကန့်ကွက်သော အနေဖြင့် ဆန္ဒ ဖော်ထုတ်မှုများ တစ်နိုင်ငံလုံး အတိုင်း အတာထိ ဖြစ်ပေါ်ခဲ့ပြီး နောက် OIC ဆက်ဆံရေး ရုံး များ ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ ဆန္ဒနှင့် မကိုက်ညီ သဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မ္မတရုံးက အောက်တိုဘာလ ၁၆ရက် နေ့ မွန်းလွဲ ၃နာရီ ၃ဝမိနစ်ခန့် တွင် ထုတ်ပြန်ခဲ့ခြင်းနောက်ပိုင်း ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်ပေသည်။
OIC ဆက်ဆံရေး ရုံးများကို ရန်ကုန်နှင့် စစ်တွေမြို့ တို့တွင် ရုံးခန်း ဖွင့်လှစ်ရန် မြန်မာ အစိုးရ နယ်စပ်ဝန်ကြီး နှင့် နားလည်မှု စာချွန်လွှာကို စက်တင်ဘာလ အတွင်းက သဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်၍ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းကို မြန်မာအစိုးရ အနေဖြင့် တရားဝင် ဖြေရှင်း သင့်ကြောင်း မစ္စမဟာ ရက်ခီးကဆိုသည်။
ဤOIC ဆက်ဆံရေး ရုံးထားရှိမည့် အရေးကို ကန့်ကွက်သည့် အနေဖြင့် သံဃာတော်များနှင့် ပြည်သူလူထုများသည် ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့၊ မုံရွှာ၊ ဖျာပုံမြို့၊ စစ်တွေမြို့ အပါအဝင် မြို့ပေါင်း (၂၀)ခန့်တွင် ပြီးခဲ့သည် အောက် တိုဘာလ ၁၅ရက် နေ့တွင် ဆန္ဒပြခဲ့ကြသည်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။