/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 18, 2012

.

မန်းတိုင်းဒေသကြီးအတွင်းရှိ တရားမဝင် စက်သုံးဆီဆိုင်များ နှစ်ပတ် အတွင်း ပိတ်သိမ်းရမည်

မန်းတိုင်းဒေသကြီးအတွင်းရှိ တရားမဝင် စက်သုံးဆီဆိုင်များကို အောက် တိုဘာ ၇ ရက်မှစတင်ကာ နှစ်ပတ်အတွင်း ပိတ်သိမ်းရမည် ဖြစ်ကြောင်း မန်းတိုင်းဒေသကြီး လျှပ်စစ်၊ စ က်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။

''ပြည်ထောင်စုက ချထားတဲ့ စည်းကမ်းတွေနဲ့ မညီလို့ပါ။ ဆီ အခြင်အတွယ် မမှန်တာ၊ အရည် အသွေးမပြည့်ဝတာ၊ လုပ်ငန်းလိုင်စင် မရှိတာတွေကြောင့် ပါဟု ဝန် ကြီးဒေါက်တာ မြင့်ကြူက ပြောသည်။

မန္တလေး မြို့တော်အတွင်းရှိ စက်သုံးဆီဆိုင်များကို မီးဘေး အန္တရာယ် လုံခြုံစေရေးအတွက် ၂ဝဝ၂ ခုနှစ်ကပင် မြို့အပြင်သို့ ပြောင်းရွှေ့ရောင်း ချစေခဲ့ပြီး ယခု အခါ တရားဝင် စက်သုံးဆီဆိုင် မဟုတ်ပါက ပိတ်သိမ်း ရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၆ ရက်နေ့တွင် ခေါ် ယူ ဆွေးနွေးခဲ့ကြောင်း ပုသိမ်ကြီးမြို့ နယ်၊ မန္တလေး-မတ္တရာ ကား လမ်း ဘေးရှိ ရွှေကျင်ဆီဆိုင်တန်းတွင် ရောင်းချနေသူများထံမှသိရသည်။

''ကျွန်တော်တို့ကို ပန့်ဆိုင်ကြီးတွေ ပြောင်းဖို့ ခေါ်ဆွေးနွေးတ ပါ။ မြေပိုင် ဆိုင်မှုလည်း မရှိဘူး။ ပန့်ဆိုင်ပြောင်းဖို့ဆိုတာက အရင်းအနှီးကလည်း မလွယ်ဘူး။ ဒီတစ်ခုတည်းနဲ့ပဲ အသက်မွေးဝမ်းကျောင်း လုပ်လာတာ ဆိုတော့ ဖြစ်နိုင်ရင် ဆက်ပြီးလုပ်ခွင့်ရချင်ပါတယ်'' ဟု တော်ဝင်ဆီဆိုင် ပိုင်ရှင် ဦးမြင့်နိုင်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် ၂ဝ၁၁ ခုနှစ် မတ်လအထိ ပန့်များဖြင့် စနစ်တကျ ရောင်းချသော စက်သုံးဆီဆိုင် ၄၃ ဆိုင်သာ ရှိခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူပြီးနောက်ပိုင်း ပန့်ဖြင့် စနစ် တကျ ရောင်းချသည့် စက် သုံးဆီဆိုင်များ ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ ရာ လျှောက်ထားသူ ၁၄၅ ဦးရှိခဲ့ပြီး ၄င်းတို့ကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ဆီဆိုင်ဖွင့်လှစ် ရောင်းချရန် ထောက်ခံပေးခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာနနှင့် စွမ်း အင်ဝန်ကြီးဌာနမှ စစ်ဆေးကာ ဆိုင် ၂၅ ဆိုင်အား စက်သုံးဆီ ရောင်း ချခွင့် လိုင်စင်ထုတ်ပေးပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြီးခဲ့သော ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။

ဝန်ကြီးက ယခု နှစ်ပတ် အတွင်း ပိတ်သိမ်းရမည့် ဆီဆိုင်များသည် တရားဝင်ဆီဆိုင်အဖြစ် လျှောက်ထားပါက ချက်ချင်းချပေးသွား မည် ဖြစ်ကြောင်း ပြောသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။