/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 18, 2012

.

Win Win Game ဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ်ညီလာခံမှ ရလဒ်များထွက်ပေါ်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ်ပါတီညီလာခံအား အောက်တိုဘာလ ၁၄ ၇က်နေ့မှစတင်ကာကျင်းပခဲ့ပြီး အောက်တိုဘ ၁၆ရက်နေ့၌မူ ပါတီ၏ ဥက္ကဌတာဝန်များ ၊ ဒုဥက္ကဌတာဝန်များအပြင် ပါတီဗဟိုအတိုင် ပင်ခံအဖွဲ့ ၊ ပါတီဗဟိုအကြံပေးအဖွဲ့ ၊ အတွင်းရေးမှူးအဖွဲ့တို့အားထပ်မံဖွဲ့စည်းခဲ့ပြီး ပါတီဥက္ကဌအဖြစ် လက်ရှိနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကိုသာ ပါတီညီလာခံကိုယ်စားလှယ်အများစု၏ ဆန္ဒဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြောင်းသိရှိ ရသည်။

အဆိုပါ ပါတီညီလာခံရလဒ်များ နှင့် ပတ်သက်၍ ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းအား Hot News သတင်းဂျာနယ်မှ ဆက်သွယ်ရေးမေးမြန်းခဲ့ရာ“သမ္မတကြီးကိုပြန်ရွေးတယ်ဆိုတာ အားလုံးရဲဆန္ဒပါ ပါတီညီလာခံ ကိုယ်စားလှယ်တွေအားလုံးက သဘောကျတဲ့သူကို ပြန်ရွေးတာဖြစ်ပါတယ်။ သမ္မတကြီးက အရင်ထဲက ပါတီဥက္ကဌပါ ၊ ဒီညီလာခံကြီးမှာ ဒုဥက္ကဌတွေ ပြန်ရွေးတယ် ။ အဲဒီမှာ အရင် ပါတီဗဟိုကော်မတီက ပုဂ္ဂိုလ်တွေပြန်ရွေးခံရတယ် ၊ ပြီးတော့ ဗဟိုပါတီအတိုင်ပင်ခံအဖွဲ့ ၊ ဗဟိုပါတီအကြံပေးအဖွဲ့တွေလည်း ဖွဲ့စည်းတာဝန်ပေးနိုင်ခဲ့ပါတယ်။တခုရှိတာက သမ္မတကြီးဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက် ပါတီညီလာခံကိုယ်စားလှယ်အများစု က သမ္မတကြီးကို ဆန္ဒပေးပြီး ဥက္ကဌအဖြစ် ရွေးချယ်ခဲ့သော်လည်း ပါတီဒုဥက္ကဌ သူရဦးရွှေမန်းက ဒုဥက္ကဌတာဝန်အပြင် ဥက္ကဌတာဝန်ကိုပါ ပူးတွဲထမ်းဆောင်ရမှာပါ။ သူအနေနဲ့လည်း ပါတီကို ဦးဆောင်နိုင်တဲ့ လမ်းညွန်မှုတွေအပြည့်အ၀ပေးနိုင်တဲ့ ၀ါရင့်ခေါင်းဆောင်တစ်ယောက်ပါပဲ´´ဟုပြန်လည်ဖြေကြားပေးသွားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကြီး၏ ပထမအကြိမ် ပါတီညီလာခံကြီးအား ၂၀၁၂ အောက်တိုဘာ ၁၄ ရက်နေ့ ၌ စတင်ကာ နေပြည်တော်ရှိပါတီဌာနချုပ်၌ ကျင်းပခဲ့ပြီး ညီလာခံတတိယရက်၌မူ တိုင်းနှင့်ပြည်နယ်များအားလုံးမှ ပါတီဗဟိုကော်မတီဝင် ၂၂၅ ဦး ၊ အရံကော်မတီဝင် ၂၅ ဦး ရွေးချယ်ခဲ့ပြီး ၊ ယင်းမနက် မှ ဗဟိုအလုပ်အမှုတောင် ၄၄ ဦး ပြန်လည်ရွေးချယ်ခဲ့သည်။ ပါတီညီလာခံရလာဒ်များအရ ပါတီဥက္ကဌ အဖြစ် ဦးသိန်းစိန် ၊ ဒုဥက္ကဌများအဖြစ် သူရဦးရွှေမန်း ၊ ဦးဌေးဦး ၊ သူရဦးအေးမြင့် ၊ ပါတီဗဟိုကော်မတီအတိုင်ပင်ခံအဖွဲ့ဝင်များအဖြစ် ဦးအောင်သောင်း ၊ ဦးတင်ထွဋ် ဦးစိုးသာ ၊ ပါတီဗဟိုအကြံပေးများအဖြစ် ဦးသောင်း ၊ ဦးလွန်းသီ ၊ ဦးမောင်ပါ ၊ ဒေါက်တာမြဦး ၊ အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ် ဦးခင်အောင်မြင့် ၊ ဦးသိန်းဆွေ ၊ သူရဦးအောင်ကို တို့အား တာဝန်အများအသီးသီးပေးအပ်ခဲ့ပြီး ပါတီဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူးမှာ ပါတီ ဒုဥက္ကဌအဖြစ်ရွေးချယ်ခံရသဖြင့် ယင်းနေရာအား ရန်တိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးမောင်မောင်သိမ်းအား ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။