/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 19, 2012

.

ဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပ

ဤဂုဏ်ပြုပွဲကို နယ်စပ်ရောက် မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ (SYCB) Students and Youth Congress of Burma) က ထိုင်းနိုင်ငံ ဇင်းမယ် နယ်စပ် တနေရာ၌ ကျင်းပ ခဲ့သည်ဟု ဖြစ်မြောက်ရေးကို ဦးဆောင်သူ နော်ဆန်း က ဆိုပါသည်။

“ တက်ရောက်သူ ကတော့ (၅၀) ကျော်လောက် ရှိတယ်။ အဓိက ကတော့ လူငယ် အဖွဲ့အစည်း တွေကိုဘဲ ဖိတ်ထား တယ်။ ပြည်ပရောက် အလုပ်သမား များ၏ သားသမီးများ တက်ရောက်သော Post Ten ကျောင်းသား အဖွဲ့တွေကို ဖိတ်ပါတယ်။ (၁၀) ကျောင်းကျော် ရှိတယ်။ နောက်ပြီး တိုင်းရင်းသား လူငယ် အဖွဲ့များ တက်ရောက်ကြပါတယ်” ဟု ဆိုပါသည်။

ဤပွဲသည် အာဏာရှင်များကို ဆန့်ကျင် တော်လှန်သည့် လူငယ်များ၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး အတွက် တိုက်ပွဲဝင် ရင်း ဖမ်းဆီးပြီး ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ ထောင်အချခံ ရသူများကို ဂုဏ်ပြုသော အားဖြင့် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်၌ ရှိသော လူငယ်များက ဤ အောက်တိုဘာလကို ရောက်တိုင်း world youth day for democracy ကို ကျင်းပ လာခဲ့ခြင်း ဖြစ်ပါသည်။



P_2wqwgtrfrxdဒီမိုကရေစီ အတွက် အနစ်နာ ခံခဲ့ရသူ လူငယ်များအား ဂုဏ်ပြုပွဲ ကျင်းပခြင်းသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်က ဒီမိုက ရေစီ နှင့် လူအခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင်တွင်း အကျဉ်းချ ခံရခြင်း နှင့် အမျိုးမျိုး ညှင်းပမ်း နှိပ်စက်ခံရမှု များ တောင်အာဖရိက နိုင်ငံမှ လူငယ်များအား စံထားရာက ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ တိုက်ပွဲဝင် လူငယ်များ အတွက် အသိအမှတ် ပြုသော အားဖြင့် ဆုတောင်းပွဲများ အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ခဲ့ကြပါသည်။

http://www.phophtaw.org/burmese/index.php/news/internation-news/1495-2012-04-23-08-11-15.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။