/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, September 7, 2012

.

စက်မှုဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်နေ


စက်မှုဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနမှ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့သို့ (၄၈) ဦးစာရင်းတင်ပြလိုက်ပါတယ်။

၎င်း (၄၈)ဦးထဲတွင် ဌာနအတွက် အနစ်နာခံဆောင်ရွက်သူများနှင့် စီနီယာဝန်ထမ်းများကို ချန်ထားခဲ့ပြီး၊ လူကြီးနားနေသူများ၊ အရှာရှိထမင်းခူးပေး၊ လက်ဖက်ရည်ဖျော်ပေးသူများနှင့် နီးစပ်သူတွေကိုသာ ဦးစားပေးရွေးချယ်လိုက်ပါတယ်လို့ ဌာနတွင်း သတင်းများအရ သိရပါသည်။

တစ်ချို့မှာ လုပ်သက် (၆) နှစ်ကျော်နှင့်ရွေးချယ်ခံခဲ့ရပြီး လုပ်သက် (၃၀) ကျော် စီနီယာသမားများမှာ ချန်ထားခံခဲ့ရသည့်အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ၀န်ထမ်းများမျှော်လင့်ထားသည့်က ရွေးချယ်သည့်အထဲတွင် တကယ့်ပါသင့်ပါထိုက်သူများ ပါဝင်မယ်လို့များစွာ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်း စာရင်းတင်ပို့သည့်အခါကျမှ ၎င်းတို့အမည်များပါမလာကြောင်းသိရပြီး မကျေမနပ်ဖြစ်နေကြပါတယ်။

၎င်းတို့ မကျေမနပ်ဖြစ်နေသည်ကို သိသောကြောင့် (၄၈) ဦးစာရင်းတင်ပြသော အသက်(၄၆)နှစ်အောက်သာရွေးချယ်ကြောင်း သတင်းလွှင့်ထားပါတယ်။ တစ်ချို့ဝန်ထမ်းများမှာ နေပြည်တော်ရုံးချုပ်သို့ ရောက်ရှိလာသည်မှာ မကြာသေးပဲ ရုံးချုပ်လုပ်ငန်းများကို နားမလည်သေးပဲ ရုံးချုပ်လုပ်ငန်းများကို ကျွမ်းကျင်စွာလုပ်ဆောင်နေသူများထက် ဦးစားပေးရွေးချယ်ခဲ့ခြင်းကြောင့် အံ့သြရကြောင်း၊ ၎င်းတို့မှာတော့ ရာထူးတိုးမြင့်ရေးအတွက် ဒုဝန်ကြီးကိုယ်တိုင် လူတွေ့စစ်ဆေးမည်ဆိုသောကြောင့် လုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရသည့်အတွက် စိတ်ပန်လူပန်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။

ရွေးချယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာများသို့ တိုင်ကြားမည် ဖြစ်ကြောင်း ၎င်းတိုင်းကြားမှုအတွက်လည်း ဌာနအရာရှိမှ မကျေနပ်လို့ ပို့ချင်တဲ့နေရာပို့ သွားနိုင်လျှင်သွားမည်၊ မသွားနိုင်လျှင်ထွက်စာတင် နှုတ်ထွက်မယ်၊ အကြောင်းရှာ၍ အလုပ်ဖြုတ်လျှင်လည်း အလုပ်ဖြုတ်ခံပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်တောင်ဆိုမည်ဖြစ်ကြောင်း နောက်ဆုံးသိရှိရပါသည်။

Anomymous အမည်ဖြင့် မူရင်း Website မှာ အခုလို Comment ရေးသွားတာတွေ့ရပါတယ်။

``လေးမိမိစိုးဆိုရင်ခိုးလဲခိုးသေး။ပြည်သူကိုရောင်းမဲ့ချယ်ရီကား(၂)စီးကိုလဲတိုက်လိုက်သေးတယ်။လုပ်သက်(၆)နှစ်နဲ့AGMဖြစ်သွားတယ်။လူကြီးကဘာကိုကြိုက်လဲတော့မသိဘူး။ဒါတောင်မှ သူက DGM ရာထူး မှန်းနေသေး တယ်နော်။ ဟေမွန်ဆိုရင်လဲ အရင်ဝန်ကြီးက သူ.အနားခေါ်ထားပြီး ရာထူးတိုးပေးထားတယ်။´´

မူရင်း
ဒေါင်းမာန်ဟုန် Website မှ
ကိုခင်မောင်ဝင်း (Nld)၏ Post ဖြစ်ပါသည်။

2 comments:

  1. ဒါတွေက အရိုးစွဲနေလို့ပါ၊ ဘယ်လိုမှ ပြင်လို့မရဘူး ဖြစ်နေတယ်၊ ပြင်မယ် ဆိုရင်လည်း သတိပေးခံရပြန်တယ်

    ReplyDelete
  2. မျိုးချစ်သူJanuary 29, 2015 at 11:05 PM

    ဒီ နေရာ က တော့ သန့်နေသေးတယ်
    ဟို ဘက် သက် တော် ရှည် ဘက် က အောက် က
    comment တွေ ဆဲဆို နေထားတာညစ်ပတ် နေတာဘဲ
    ဘလော့ပိုင် ရှင် ရယ်စိစစ်ပြီးမှ တင် ပေးပါလား
    ကျေးဇူးပြုပြီ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။