/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 10, 2012

.

ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်း ကျေးရွာအုပ်စု၊ ရွာ သစ်ကိုင်းတာကျေးရွာ အုပ်စု၊ ပျဉ်ပုံကြီး ကျေးရွာအုပ် စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဖွင့်ပွဲများကျင်းပ

ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရား ကလေးကျေးရွာ၊ ၀မ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာသစ်ကိုင်းတာကျေး ရွာအုပ်စုနှင့် ပျဉ်ပုံကြီးကျေးရွာအုပ်စုများ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားများကို စက်တင်ဘာလ (၂) ရက်နေ့ နေ့လည်အချိန်တွင် အဆိုပါ ကျေးရွာအုပ်စုများ၌ ကျင်းပပြု လုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေး မှူး၊ ပဲခူးတိုင်း အမှတ် (၁) မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောမော်ထွန်းနှင့် အလုပ် အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

နေ့လည် (၂) နာရီခွဲအချိန်တွင် ၀မ်းဘဲအင်းကျေးရွာအုပ်စု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးရဲမြင့်ထွန်း၊ ၀မ်းဘဲအင်းကျေးရွာအုပ်စု ရပ်/ ကျေးစည်းရုံးရေးမှူး ဦးရဲဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။



၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ၀ိုင်းဝန်းဆောင်ရွက်ကြရန် ပါတီတိုးပွားရေးအတွက်လည်း စည်းရုံးလုပ်ဆောင်ကြရန် မှာကြားသည်။

ဆက်လက်၍ နေ့လည် (၃) နာရီ အချိန်တွင် ရွာသစ်ကိုင်းတာ ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်၊ ရွာသစ်ကိုင်းတာ ကျေးရွာအုပ်စု ရပ်/ကျေးစည်းရုံးရေးမှူး ဦးမောင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက အလှူငွေနှင် လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မိမိတို့ပါတီ၌ ရပ်/ကျေးစည်းရုံးရေးမှူးများ အရေးကြီးကြောင်း၊ ရပ်/ကျေးစည်းရုံးရေးမှူးများ ခိုင်မာမှ မြို့နယ်အဆင့် ခိုင်မာမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ခိုင်မာမှ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ခိုင်မာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ခိုင်မာမှ ပါတီခိုင်မာမည်ဖြစ်ကြောင်း မှာကြားပါသည်။


ထို့နောက် နေ့လည်(၃) နာရီခွဲ အချိန်တွင် ပျဉ်ပုံကြီး ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျဉ်ပုံကြီးကျေးရွာ ရပ်/ကျေးစည်းရုံးရေးမှူး ဦးယဉ်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး သည်။

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး၊ အစိုးရအဖွဲ့ အနေဖြင့် (၅) နှစ်သက်တမ်းဖြစ်သော်လည်း၊ မိမိတို့ပါတီအနေဖြင့် ရာသက်ပန် လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့မရှိသော်လည်း ပါတီအနေနှင့် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် လက်ဆင့်ကမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ရပ်/ကျေးစည်းရုံးရေးမှူး များအနေဖြင့် ပါတီ၌ အဓိကကျသည့်အတွက် စည်းရုံးရေးမှူးကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားကြောင်း သတင်းရရှိသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။