/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 10, 2012

.

တစ်နွယ်ငင် တစ်စင် ပါမည် ဆိုးသဖြင့် နိုင်ငံသား အဖြစ် မှာ ရုပ်သိမ်းပြီး ၊ ပြည်နှင်ဒဏ်ပေး ရန် ဆန္ဒ ဗိုလ်ချုပ်မှုး ကြီး ဟောင်း မှာ ရှိ နေ

လတ်တလော မြန်မာ နိုင်ငံ တွင်း သို့  ပြန်လာ သည့် ပြည်တော် ပြန် နိုင်ငံရေး သမား များ အနက် ABSDF ဥက္ကဌ ဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန် နှင့် ဒေါက်တာ နိုင်အောင် တို့  သည် ၎င်း တို့  တာဝန် ထမ်းဆောင်ခဲ့ စဉ် က ဖြစ်ပွား ခဲ့ သည့် ကချင် ပြည်နယ် ပါဂျောင် ဒေသ တွင် ကျောင်းသား များ အား အစု လိုက် အပြံ လိုက် သတ် ပွဲ နှင့် ဆပ်စပ် တာဝန် ရှိ နေ ၍ ၎င်း တို့  ကို ပြည်နှင့် ဒဏ် ပေး ရန် စဉ်းစား ထား ကြောင်း FNG မှ သတင်း ရရှိသည်။

မြောက်ပိုင်း ဒေသ အစုလိုက် အပြုံ လိုက် ရက်စက် စွာ သတ်မှု တွင် သေဆုံး သွား သူ ၏ ကျန်ရစ်သူ မိသား စုများ က အပြစ် ရှိသည် ဟု စွပ်ဆွဲထား သည့် ဒေါက်တာ နိုင်အောင် နှင့် ကို မိုးသီးဇွန် တို့ ၏ ကိစ္စသည် တစ်စ တစ်စ ကျယ် ပြန့် လာ ရာ အချို့  က ယခင် စစ်အစိုးရ လက်ထက် က ရာဇ၀တ်မှု များ ၊ ရွှေဝါရောင် တော်လှန် ရေး တွင် သံဃာများ အသတ် ခံရမှု။ ဗဟန်း ငါးလောင်ပြိုင် လူသတ်မှု များ စသည် တို့  ကို ပါ အမှု မှန် ပေါ်ပေါက် ရေး ပါ တောင်း ဆို လာကြသည်။

အမည် မဖော် လို သည့် ပြည်ထဲရေး ၀န်ကြီး ဌာန မှ အရာ ရှိ တစ်ဦး က ” သူ တို့  ပြဿနာ က အမျိုးသား ရင်ကြားစေ့ ရေး နဲ့  ဒီမို ကရေစီ ခရီး ကို ပါ အနှောင့် အယှက် ဖြစ် သလို ဖြစ် နေ ပြီ အထက် က တစ်ခုခု ဆုံး ဖြတ် ပါ လိမ့် မယ် ” ဟု FNG ကို ပြောသည်။

ပါဂျောင် ဒေသ မှ သေကံ မရောက် သက် မပျောက် ဘဲ လွတ်မြောက် လာသူများ နှင့် သေ ဆုံး သူများ ၏ မိသားစု များ က လည်း မြန်မာ အစိုးရ အနေဖြင့် အပြစ် ရှိ သူများ ကို လွတ် ငြိမ်း ချမ်းသာ ခွင့် ပေး ရန် မလို လား ဘဲ တရားခွင် တွင် စီရင် ဆုံး ဖြတ် ရန် သာ လိုလား သည် ဟု မနေ့  က ဆန္ဒ ထုတ် ဖော် ခဲ့ ကြသည်။

ဒေါက်တာ နိုင်အောင် နှင့် ကိုမိုးသီးဇွန်း တို့  နှစ်ဦး တွင် အဓိက တာဝန်ရှိ သည် ဆိုသည့် ပါဂျောင် ဒေသ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု သည် အသက် အရွယ် ကြီးရင့် ပြီး ဖြစ် ပြီး မြန်မာ နိုင်ငံ ဒီမိုကရေစီ ရေး ချောမွေ့  စွာ အသွင် ကူးပြောင်း နိုင်ရေး အတွက် လမ်းဖွင့် ပေး ခဲ့ သော စစ်ခေါင်း ဆောင် ဟောင်း ဗိုလ်ချုပ်မှုး ကြီး သန်း ရွှေ အပါ အ၀င် လက် ရှိ အစိုးရ အဖွဲ့  ခေါင်းဆောင် များ ပါ ဘုန်းကြီး အမှု ရွာ ပတ် သလို ဖြစ် နိုင် သဖြင့် ဦးသန်းရွှေ က ယခု ကဲ့ သို့  စီစဉ် ရခြင်း ဖြစ်သူ ဟု သူ၏ မိသားစု ၀င် တစ်ဦး နှင့် နီးစပ် သူ တစ်ဦး က ပြောသည်။

ပြည်နှင်ဒဏ် ပေး ခြင်း ၊ နိုင်ငံ သား အဖြစ် မှ ရပ် စဲခြင်း သို့  တည်း မဟုတ် အခြား ဆုံး ဖြတ် ချက် တစ်ခု ခု ကို လည်း ၇၂ နာရီ အတွင်း အကောင် အထည် ဖော် မည် ဟု သိရသည်။ ထိုသတင်း နှင့် တစ်ဆက် တည်း ရဲတပ်ဖွဲ့  သတင်းဌာန မှ သိရသည့် သတင်း တစ်ခု မှာ ၎င်း တို့  ကို ပါဂျောင် ဒေသ ပြစ်မှု များ အတွက် ဖမ်းဆီး ထား ရန် အစီ အစဉ် ရှိ သည် ဟု သိရသည်။


FNG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။