“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ ရောက်နေတဲ့ အတွက် လူ့အခွင့်အရေးတို့ တိုင်းရင်းသားအရေးတို့ကို မပြောနဲ့ထားဦး၊ အဲဒီလူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက်ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာ ပြဿနာတွေပြေလည်အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is upto you) လို့ သူက ဆိုတယ်။ ဒါကို ကျွန်တော်က ငြင်းတယ်။ ဒီကိစ္စကိုဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့ ကျွန်တော် ပြောခဲ့တယ်။
“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က Human Right Watch အဖွဲ့ကထုတ်ပြန်တဲ့ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာ နောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကိုစစ်ဆုတ်သွားတဲ့ ဗြိတိသျှတပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali Vforce ဆိုပြီး ထားခဲ့တယ်။ အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုး တစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့ မျိုးတုံး သတ်ဖြတ်မှုကိုချန်လှပ်ထားခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို ထောက်ပြခဲ့တယ်။
တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့အဖွဲ့ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာဖြစ်တယ် ပြောခဲ့တယ်။ ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာအိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။ မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေကအိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေကဘာထောက်ပံ့မှုမှမရတာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။
နောက်ဆုံးတစ်ချက်။ ဒါပေမဲ့ ဒါက စကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့တာ။ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တစ်ခါ သုံးတိုင်း သုံးတိုင်း ကျွန်တော်တို့ရခိုင်တွေကို ခြိမ်းခြောက်မှုတစ်ခါစီလုပ်နေတာ ဖြစ်တယ်။ ဘင်္ဂါလီက ဘင်္ဂါလီလို့ကိုယ့်ကိုယ်ကို မခေါ်ပဲ၊ ရိုဟင်ဂျာ လို့နာမည်တီတွင် ခေါ်နေတာဟာ အဲဒီနာမည်နောက်က နိုင်ငံရေး ရည်မှန်းချက်တွေ (ဆိုလိုတာက နယ်မြေ သိမ်းပိုက်ရေး ရည်မှန်းချက်တွေ) အတွက် တစ်ခါစီ တစ်ခါစီ ကြိုးပမ်းမှု လုပ်နေတာဖြစ်တယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ဒီတော့ ဒီနေ့လယ်စာစားပွဲတစ်လျှောက်လုံးမှာသူတို့ဘက်က ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးခဲ့တော့ဘူး။”
အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်သံအမတ်ကြီးတို့ပါဝင်သော ဆယ့်တစ်ဦး အဖွဲ့သည် ဘူးသီးတောင် မောင်တော မှယနေ့မနက်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တွေ ဒေသခံ လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီးနောက် ချက်ချင်း လေယာဉ်ဖြင့်ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။