/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, July 10, 2012

.

CDMA 800 MHz ဖုန်း အလုံးရေ ရှစ်သောင်း နီးပါး ချထား ပေးမည်


ဇူလိုင်လဆန်း မှစပြီး CDMA 800 MHz ဖုန်းများကို တန်ဖိုးငွေကျပ် နှစ်သိန်းခွဲနဲ့ မြန်မာ့ ဆက်သွယ်ရေးမှ ချထားပေး ခဲ့တယ်လို့ သိရပါတယ်။ အခုလို ချထားရာမှာလည်း အလုံး အရေအတွက် ရှစ်သောင်း နီးပါးလောက် ချထားပေး သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ပထမ အကြိမ် CDMA 800 MHz ချထားပေးခဲ့တဲ့ အလုံး အရေအတွက်ဟာ ၃ သိန်း နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

CDMA 800 MHz ဖုန်းတွေရဲ့ ကုတ်အစ နံပါတ် ကတော့ ၀၉-၇၃..... တွေနဲ့ စတာဖြစ်ပြီး အင်တာနက် လိုင်းဆွဲအား ကောင်းမွန်တယ် လို့လည်း သိရပါတယ်။ အင်တာနက် သုံးစွဲရာမှာ GSM ဖုန်းချထားမှုဟာ CDMA ထက်ပိုများတာကြောင့် GSM ရဲ့ အင်တာနက် လိုင်းဆွဲအားထက် CDMA 800 MHz ရဲ့ လိုင်းဆွဲအားဟာ network အနေနဲ့ စွဲယူမှု နည်းတာကြောင့် ပိုကောင်းမွန် ကြောင်းလည်း ဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

WCDMA 800 MHz ရဲ့ အင်တာနက် လျှောက်ထားမှုဟာ ယခင်က ၃ သောင်း ကျပ်ဖြစ်ပြီး ယခုအခါ မြန်မာ့ ဆက်သွယ်ရေးမှ နှုန်းထားများ လျော့ချပေး မှုကြောင့် ၁ သောင်းကျပ်နဲ့ လျှောက်ထား နိုင်ပြီ ဖြစ်ပါတယ်။ WCDMA 800 MHz လျှောက်ထား လိုသူတွေ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေဖြစ်တဲ့ ရွှေဂုံတိုင်၊ အလုံ၊ ပန်းဆိုးတန်း အစရှိတဲ့ ရုံးတွေမှာ လျှောက်ထား နိုင်တယ်လို့ သိရှိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။