/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 29, 2012

.

မြစ်ကြီးနားသို့ကျောင်းတက်ရန်သွားသည့်ကားကို KIA မှပစ်ခတ်...


မနေ့ နေ့လည်၁၂နာရီလောက်က ဆဒုံးမြို့နယ်ခွဲ ဝေမိုးရွာ တွင်နေထိုင်သော ကျောင်းသား ကျောင်းသူလေးများကို မြစ်ကြီးနား တွင်ကျောင်းတက်ရန်အတွက် ကားဖြင့် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း အတိုင်းလာစဉ်အတွင်းမှာ ဆဒုံးမြို့နယ် လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ KIA က လမ်းဘေး ကနေ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။

ကားပေါ်မှာပါလာတဲ့ ကျောင်းသားကျောင်းသူများကတော့ ထိခိုက်မှု မရှိပေမယ့် ကားတော့အနည်းငယ်ထိမှန်ခဲ့ပါတယ်။

သူတို့အချင်း ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ မဆိုင်ပါဘူး။ ကျောင်းသား ကျောင်းသူတွေပညာရာရေးအရသွားရောက်သင်ယူမယ့်လမ်းကိုမပိတ်သင့်ပါဘူး။

KIA က ပြည်သူတွေ အသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊ မိုင်းထောင်မှုတွေလုပ်နေတာ အကြမ်းဖက်အဖွဲ့ပုံဖြစ်နေပါတယ်။

အခုလဲ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကြယ်ပွင့်လေးတွေကို အနာဂတ်ပျောက်အောင် လုပ်နေတာနဲ့တူနေပါတယ်။

ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားဘဲ သူတို့အာဏာတည်မြဲရေးကိုဘဲ လုပ်ဆောင်နေတယ်လို့ ဆဒုံးမြို့ကလူတွေကပြောနေကြပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။